{24}

381 34 5
                                    


" သခင်လေး... မနေ့ညက မင်းကြီးနဲ့ သခင်လေး နန်းပြင်ထွက်တာ အဆင်ပြေကြပါရဲ့လား "

အထိန်းတော်မီရဲ့ စကားကြောင့် မျက်လုံးလေးများ ပြူးကနဲ..။

" အထိန်းတော်မီ ဘယ်လိုသိတာလဲ "

" ညက ကျွန်တော်မျိုးမ တွေ့လိုက်တာပါ... စိတ်ချပါ သခင်လေး ကျွန်တော်မျိုးမ ဘယ်သူ့ကိုမှ မပြောပါဘူး "

အထိန်းတော်မီရဲ့ စကားကို ကျွန်တော် အသိအမှတ်ပြုလိုက်သည်။

" ပျင်းလိုက်တာဗျာ... ဂျွန့်ကိုလည်း ဒီနေ့ မတွေ့ရသေးဘူး "

" မင်းကြီးက ဒီနေ့တစ်နေ့လုံး အားမယ် မထင်ပါဘူး.. မနက်ဖြန် မင်းသမီး ယိုယွင်းနဲ့ ထိန်းမြားပွဲနေ့မလို့ ပွဲအခန်းအနား ပြင်ဆင်နေတယ်လို့ ကြားပါတယ် သခင်လေး "

ကျွန်တော် မေ့နေခဲ့တာပဲ။
မနက်ဖြန် ဂျွန် နဲ့ မင်းသမီးတို့ရဲ့ လက်ထပ်ပွဲ နေ့ကို။

ထိုအချိန် အခန်းထဲသို့ နန်းတွင်းသူလေး တစ်ဦး ၀င်လာသည်။ သူမရဲ့ လက်ထဲတွင်လည်း အထုပ်လေးတစ်ထုပ်နှင့်။

" အထိန်းတော်မီ.. မင်းကြီးက ကျွန်တော်မျိုးမကို ကြင်ယာတော်ကင်မ်ထံ တစ်ဆင့် ပို့ခိုင်းလိုက်ကြောင်းပါ.. "

အထိန်းတော်မီဆီသို့ ထိုအထုပ်လေးနှင့် စာလေးတစ်စောင် ပေး၍ ထွက်သွားသည်။

ကျွန်တော် အထိန်းတော်မီဆီမှ စာလေးတစ်စောင်လေးကို ယူကာ ဖတ်ကြည့်လိုက်မိသည်။

' ထယ်... ကိုယ်ဒီနေ့ တစ်နေကုန် တွေ့ဖြစ်နိုင်မှာ မဟုတ်လောက်ဘူး.. သိတဲ့အတိုင်း မဂ်လာပွဲ အတွက် အလုပ်ရှုပ်နေတာ.. '

' နောက်ပြီး မနက်ဖြန် ထိန်းမြားပွဲကို ထယ်လာခဲ့ပါ... ကိုယ်ထယ့်အတွက် ၀တ်စုံလေး ပို့ပေးလိုက်တယ်..
အဲ့ ၀တ်စုံလေးကို မနေ့ကညက ဆိုင်တစ်ဆိုင်မှာ တွေ့တာနဲ့ ထယ်မသိအောင် ၀ယ်ထားခဲ့တာ.. ကိုယ်၀ယ်ပေးထားတဲ့ ၀တ်စုံလေးက ထယ်နဲ့ အရမ်းလိုက်မယ်မှန်း ကိုယ်ကြိုသိတယ် '

' ကိုယ်ဒီနေ့ လာမတွေ့နိုင်ခဲ့လို့ စိတ်မဆိုးပါနဲ့.. ကိုယ်တကယ် မအားလို့ပါ.. မနက်ဖြန်ကြရင် အဲ့ ၀တ်စုံလေး၀တ်ပြီး လာခဲ့နော်..
ကိုယ်စောင့်နေမယ်....
ချစ်တယ် ထယ် '

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now