{10}

271 25 1
                                    

" ဟက်ချိုး!!! "

ကျွန်တော်နှာချည်လိုက်သည်မှာ သစ်ပင်ပေါ်မှာရှိတဲ့ငှက်တွေတောင် ထပျံသွားရှာသည်။ အခုကျွန်တော် အပြင်ထွက်ပြီးလမ်းလျှောက်နေခြင်း..။

မနေ့က ရေထဲမှာတော်တော်ကြာသွားလို့ထင်တယ် အခုကျွန်တော် ဖျားချင်သလိုလိုဖြစ်နေသည်။

ဂျောင်ကုကတော့ သိတဲ့အတိုင်း မနက်ကတည်းက ဘယ်သွားမှန်းကိုမသိတာ နောက်နေ့ကျမှ ကျွန်တော်သူ့ကိုမေးကြည့်အုန်းမယ်။

ကျွန်တော် အတွေးတွေစုံနေတုန်း နားထဲမြင်းခွာသံတွေလိုလို လူသံတွေလိုလိုကြားလိုက်ရသည်။ ကျွန်တော်သေချာ ကြားလိုက်တာမို့ နားကြားမှားတာ မဖြစ်နိုင်...။

" သရဲများလား... "

သရဲဆိုတဲ့အတွေးနဲ့တင် ကြောက်ချွေးများပြန်လာသည်။ ဒါပေမဲ့ နေ့လယ်ပိုင်းဆိုတော့ သရဲကမဖြစ်နိုင်ပြန်ဘူး..။

ကျွန်တော်လည်း ဘာမှန်းမသိတာမို့ အိမ်ထဲ၀င်ရန် ခြေလှမ်းပြင်လိုက်ချိန်....

" သခင်လေး!!!..... "

ကျွန်တော့်အနောက်မှ သခင်လေးဆိုတဲ့ခေါ်သံကြားလိုက်ရသည်။ ဒါ...ဒါ ဆိုဟွန်းသံမဟုတ်ဘူးလား...။
ကျွန်တော် အနောက်သို့လှည့်ကြည့်လိုက်ရာ ဆိုဟွန်းဆိုတဲ့ကောင်လေးနှင့် နန်းတွင်းကားထဲက စစ်သည်တွေလိုမျိုး ၀တ်ထားတဲ့ လူအများအပြားတွေ့လိုက်ရသည်။

" WTF..!!! "

" ထယ်ယောင်း...!! အဖေ့ဆီကိုလာခဲ့ ထွက်ပြေးမယ်မကြံနဲ့တော့ "

ထိုလူတွေထဲမှ အမတ်၀တ်စုံ၀တ်ထားတဲ့ လူတစ်ယောက်ကထွက်လာပြီး ကျွန်တော်ကိုလှမ်းခေါ်သည်။ ကျွန်တော့်အဖေလို့ထင်ရပေမဲ့ ဒီအဖိုးကြီးကပြောတိုင်းသွားစရာလား ကင်မ်ထယ်ယောင်း...တစ်ထယ်ပဲရှိတယ်။

ကျွန်တော်ထွက်ပြေးဖို့ကြိုးစားလိုက်ပေမဲ့ ကျွန်တော့်ကို စစ်သည်တော်တွေက ၀ိုင်းထားသည်။ ကျွန်တော်လည်းထွက်ပြေးဖို့မလွယ်တာ သတိထားမိသည်။ ဒါဆိုလည်း ဟိုအဖေဆိုတဲ့ အဖိုးကြီးခေါ်တဲ့ဆီပဲ သွားရတော့မှာပေါ့။

ကျွန်တော်လည်း ထိုအဖိုးကြီးနားသွားလိုက်တော့ အဲ့အဖိုးကြီးကကျွန်တော့်ကိုလာဖက်ပြီး စိတ်ပူနေသလိုပုံစံဖြင့်...

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now