{4}

316 28 3
                                    

" အလှလေး...လာကိုယ်တို့နဲ့လိုက်ခဲ့ "

ပြောရင်းဆိုရင်း ကျွန်တော့်လက်ကိုလှမ်းကိုင်ပါသော ထိုအကောင်။ အဲ့လူတော့မြန်မြန် မသာပေါ်ချင်နေပြီထင်တယ်...
ဘယ်ရမလဲ ကျွန်တော်လဲ သူ့လက်ကိုခါချလိုက်တာပေါ့..။ ဒါတောင်အဲ့ကောင်က ကျွန်တော်ကိုလှည့်ကြည့်ပြီး လူမိုက်ဆန်ဆန်ပြုံးလိုက်သေးတယ်။

" ဟက်...အလှလေးက ဟိုနေ့ညကလို ထပ်ဖြစ်ချင်တာလား.. အရင်ကခေါင်းပဲထိတာ အခုဆို ကျန်တဲ့နေရာတွေပါထိမှာနော်.. "

ဒီလူပြောပုံအရ အဲ့နေ့ညက ကျွန်တော်ရဲ့ အရင်ဘ၀က ကင်မ်ထယ်ယောင်းကို သူတို့တွေဆွဲလားရန်းလားလုပ်ရင်း သူတို့ထဲကတစ်ယောက်ယောက်က ရိုက်လိုက်လို့ အခုလိုခေါင်းထိသွားတာဖြစ်နိုင်ချေရှိတယ်။ တကယ်ဆို သူတို့တွေသာ အရင်ဘ၀က ကင်မ်ထယ်ယောင်းကို ခေါင်းထိအောင်မလုပ်ခဲ့ဘူးဆိုရင်...ကျွန်တော်လည်းဒီကို ရောက်လာစရာအကြောင်းမရှိဘူးမလား...။
ဒါဆို ကျွန်တော်ဒီကို ဘာမဆိုင်ညာမဆိုင် ရောက်နေရတာ အဲ့ကောင်တွေကြောင့်ပေါ့..

" အလှလေး...ဘာတွေ တွေ၀ေနေတာလဲ..ကိုယ်တို့နဲ့လိုက်ခဲ့....မင်းလေးကိုသာယာအောင်လုပ်ပေးမယ် "

ပြောနေရင်း ကျွန်တော့်ပုခုံးပေါ်လက်တင်လိုက်ပါသော သေနာကောင်။
အေး...ဒေါသထွက်နေပါတယ်ဆိုမှ စိတ်ကိုလာဆွနေတယ်...တွေ့ပြီ...

ကျွန်တော် အဲ့ရဲ့လက်ကိုဆွဲကာ အားပြင်းပြင်းဖြင့် လိမ်ချိုးလိုက်သည်။

" အားးးးအားးးငါ့လက်...!! "

တစ်အားအားနဲ့အော်နေတဲ့ တစ်ကောင့်သားကို ကြည့်ပြီး ကျွန်တော်ညစ်ကျစ်ကျစ်ပြုံးလိုက်သည်။ မှတ်ပြီလား ကင်မ်ထယ်ယောင်းကို စမ်းချင်အုံး..

ထိုမြင်ကွင်းကိုမြင်တော့ ကျန်တဲ့၄ယောက်ကလည်း ချက်ချင်းကျွန်တော်ဆီ အပြေးအလွှားလာပြီး ကျွန်တော့်ကိုချဖို့ ချိန်ရွယ်ကြသည်။ ဘယ်လိုပြောရမလဲ ဖိုက်တာ၄ကောင်ပေါ့...

ထို ၄ကောင် ကျွန်တော်ကိုထိုးဖို့ လက်ဟန်ပြင်နေချိန် ကျွန်တော်က သူတို့တွေရဲ့ ဖွားတော်ဖက် နေရာကို အားရပါးရ တစ်ခါတည်း ကန်ချပစ်လိုက်သည်။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now