{23}

303 24 2
                                    

" ဟူး.... ဒီနေ့ ရာသီဥတု သာယာလိုက်တာ.. "

ကြာပန်းဥယျာဥ်ထဲ တွင် ပုံပုံလေး ထိုင်ကာ တစ်ယောက်တည်း စကားပြောနေမိသည်။

ကြာလာတာနှင့်အမျှ နန်းတော်ကြီးထဲတွင် နေရသည်ကို ငြီးငွေ့လာသည်။ ချစ်ရသူ နှင့် အတူရှိချိန်ဆို ကြည်နူးစရာကောင်းလှသော်လည်း  တစ်ယောက်တည်းနေရင် ပျင်းစရာ။

အရင်တုန်းကလို နန်းပြင်မှာ ဟိုဟိုဒီဒီ လျှောက်သွားချင်ပါသည်။ ဒါပေမဲ့လည်း မိမိချစ်ရသူမှာ နိုင်ငံ၏ ၕကရာဇ်တစ်ပါး မလို့ မနည်း စိတ်ထိန်းထားရသည်။

မြေပြင်ပေါ်မှ ကျောက်ခဲသေးသေးလေးအား ကောက်ယူ၍ မျက်နှာချင်းဆိုင်ရှိ ရေအိုင်ထဲသို့ အားပါးတစ်ရ ပစ်ပေါက်လိုက်သည်။

" ဟင်းးး "

" ကိုယ့်ရဲ့ သက်လှယ် ပျင်းနေရောပေါ့ "

" ဂျွန်... "

ကျွန်တော့်၏ ဘေး၌ ၀င်၍ထိုင်သည်။ ဂျွန်သည် အသံမပေး ဘာမပေးနှင့် လူကို အမြဲ လန့်အောင် လုပ်တတ်သည်။

ခါတိုင်းထပ် စောစွာ ပြီးသော ညီလာခံကြောင့် အံသြမိသွားသည်။

" ဒီနေ့ မြန်သားပဲ "

" ဟုတ်တယ်... ဒီနေ့က သတင်း အချက်လက်တွေ သိပ်မရှိလို့ မြန်နေတာ..
ပြောပါအုန်း.. ထယ် ပျင်းနေပြီလား "

" ပျင်းတာပေါ့ဗျာ... ဒါနဲ့ တစ်ခုလောက် တောင်းဆိုလို့ရမလား "

" ဘာများလဲ ထယ်ရဲ့ "

အရဲစွန့်ပြီး ပြောကြည့်လိုက်မိသည်။

" ကျွန်တော် နန်းပြင်မှာ လျှောက်လည် ချင်လို့.. အပြင်မထွက်ရတာလည်း ကြာပြီ နောက်ပြီး ကျွန်တော် နန်းတော်ထဲမှာ နေရတာ ပျင်းလာလို့ "

နုနုရွရွလေး ဂျွန့်အား ပြောလိုက်သည်။

လက်ခံမယ် မျှော်မှန်းထားသော်လည်း ဂျွန်မှာ မည်သို့မျှ မတုံ့ပြန်။ တစ်ခုခုအား အလေးအနက် စဥ်းစားနေသည့် ပုံဖြင့်။

ခဏအကြာမှ ကျွန်တော့်ကို တစ်ချက်ကြည့်ကာ ခေါင်းကိုအသာအယာ ပုတ်ပေးသည်။

" ထယ် စိတ်ချမ်းသာမယ်ဆိုရင် ကိုယ်လိုက်ပို့ပေးပါ့မယ်.. "

ကျွန်တော် အတိုင်းမသိ ပျော်ရွှင်ကာ ဂျွန်ကို ပြေးဖက်လိုက်သည်။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now