{18}

233 16 0
                                    

" အထိန်တော်မီရာ အ၀တ်တွေ ၀တ်ရတာနဲ့ပဲ အသက်ထွက်တော့မယ် "

ကျွန်တော်ဆူပုပ်စွာပြောလိုက်တော့ အထိန်းတော်မီမှာ ခပ်ပြုံးပြုံးဖြစ်သွားလေသည်။ အခုကျွန်တော့်ပုံစံမှာ ၀တ်ရုံအထပ်ထပ်၀တ်ထားပြီး အပေါ်ဆုံးမှာ အနီရောင်နဲ့ရွှေအိုရောင် ရောထားတဲ့ ၀တ်ရုံတစ်ထပ် ၀တ်ထားသောကြောင့် ပွပွကြီးဖြစ်နေသည်။

" မဂ်လာဆောင်ရတာလား.. အသက်ထွက်အောင်လုပ်နေတာလား မသဲကွဲဘူး.. "

" သခင်လေး..အဆင်သင့်ဖြစ်ပြီဆိုတော့ သွားကြရအောင်.. "

အထိန်းတော်မီမှ ကျွန်တော်ကိုခေါ်ကာ အခန်းထဲမှထွက်လာခဲ့သည်။ ကျွန်တော့်အနောက်တွင်လည်း အ၀တ်ကောင်းများစွာ၀တ်ထားတဲ့ အခြွေရံကောင်မလေးများ ပါလာသည်။

ထို့နောက် ညီလာခံ ခန်းမဆောင် အရှေ့ဘက်ရှိ နေရာသို့ ကျွန်တော်တို့ရောက်လာခဲ့သည်။ ထိုနေရာတွင် ကိုယ်ရံတော်အမြောက်အများရပ်နေကြပြီး လှည်းတစ်ခုကိုလည်း တွေ့ရသည်။

" သခင်လေး.. လှည်းပေါ်တက်လို့ရပါပြီ.. "

" ဘာလို့ ကျွန်တော်ကလှည်းပေါ်တက်ရမှာလဲ.. "

" ထိုလှည်းက သခင်လေးကို မဂ်လာပွဲကျင်းပရာကို ခေါ်သွားမှာမို့လို့ပါ.. ဒါ နန်းတွင်းလပ်ထပ်ပွဲတွေရဲ့ ဓလေ့ပါ သခင်လေး.. "

ကျွန်တော်လည်း အထိန်းတော်မီပြောတာကို နားလည်သွားပြီး ထိုလှည်းအနားကို လျှောက်လာခဲ့သည်။ လှည်းပေါ်တက်ဖို့လုပ်လိုက်ချိန် လှည်းပေါ်မှာထိုင်နေတဲ့သူဆီ အကြည့်ရောက်သွားမိသည်။

ကြက်သွေးရင့်ရောင် နဂါး၀တ်ရုံတော်ကို ၀တ်ဆင်ထားပြီး ဦးခေါင်းတွင်စိန်တုံးများ တွဲလောင်းကျနေသော ဘုရင်တွေမဂ်လာဆောင်သည့်အခါ၀တ်တဲ့ ဦးထုပ်လိုဟာကို ဆောင်းထားသည့် မင်းကြီးဂျောင်ကု။

ကျွန်တော့်ကိုတစ်ချက်မှမကြည့်ပဲ ရုပ်တည်ကြီးနှင့် ဘုရင်အား ကျွန်တော်လည်း အမြင်ကတ်စွာ သူ၏ဘေးတွင် ဆောင့်ကနဲ ၀င်ထိုင်လိုက်သည်။

ကျွန်တော်ထိုင်ပြီးသည်နှင့် ကိုယ်ရံတော်များမှာ လှည်းကိုတစ်ယောက်တစ်ဖက်စီ ထမ်းကာ စတင်ထွက်ခွာကြသည်။ လမ်းပေါ်တွင်ရှိသော တိုင်းသူပြည်သားများမှာလည်း တူရိယာမျိုးစုံဖြင့် တီးမှုတ်ကာ ဂုဏ်ပြုကြသည်။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now