{21}

270 20 1
                                    


" အထိန်းတော်မီ ဂျွန်ရောက်လာ တော့မှာလား "

" လာတော့ လာနေပြီထင်တယ် သခင်လေး..  ကျွန်တော်မျိုးမ အခန်းပြင်မှာသွားနေလိုက်မယ်နော် သခင်လေး "

ကျွန်တော် ခေါင်းညိမ့်ပြလိုက်တော့ အထိန်းတော်မီမှာ အခန်းထဲမှ ထွက်သွားလေတော့သည်။

ကျွန်တော့်မှာတစ်ယောက်တည်း ခြေမကိုင်မိ လက်မကိုင်မိနှင့် စိတ်လှုပ်ရှားနေတော့သည်။ ဂျွန့်ကို ပြောစရာရှိလို့ဆိုပြီး ခေါ်ကာ မြူဆွယ်ဖို့ စီစဥ်ထားသော်လည်း အခုထိ ဘယ်လိုမြူဆွယ်ရမလဲ အကြံမထွက်သေး။

ကျွန်တော်က အမြဲ တော့ခ် လုပ်ဖို့တွေးထားတော့လည်း ဘယ်ကနေဘယ်လို စရမလဲ မသိတာ မဆန်းပါ။

နောက်ပြီး ကျွန်တော်က အင်နိုးစန့်တယ် ဆိုတော့လည်း အဟမ်း....။

* ကျွီ *

တံခါးဖွင့်သံကြောင့် ကျွန်တော်တွေးနေရင်းကနေ လန့်ဖြန့်သွားရတော့သည်။ ထို့နောက် ကုတင်ပေါ်ရှိ ကျွန်တော့်ဘေးနား၌ ဂျွန်ဟာ လာထိုင်လေသည်။

" ထယ်.. ကိုယ့်ကိုပြောစရာရှိလို့ဆို "

" အင်း.... အဲ့တာက..... "

ဂျွန့်မှာ ယုန်ပေါက်ကလေးလို ဘာမှမသိရှာတဲ့ ပုံစံလေးဖြင့် စကားပြောလာသောကြောင့် ကျွန်တော့်မှာ အဓိကအကြောင်းအရာအား ပြောဖို့ စကားများ ပျောက်ရှကုန်လေသည်။

တကယ်ပဲ ဂျွန်က အင်နိုးစန့်လား..။

ဖယောင်းတိုင်လေးတွေရဲ့ အကူအညီဖြင့် လင်းနေသော မီးရောင် ခပ်မှိုင်မှိုင်။ တစ်ယောက်အသက်ရှူသံ တစ်ယောက် ပြန်ကြားရသည်အထိ တိတ်ဆိတ် ငြိမ်သက်နေသော အခန်းလေး။

ကုတင်ပေါ်က လူနှစ်ယောက်မှာလည်း ငြိမ်သက်နေကြလျက်..။

ကျွန်တော် ဒီအတိုင်းကြာကြာဆက်နေရင် ဖြစ်ချင်တဲ့ အခြေအနေကို ရောက်တော့မည်မဟုတ်..။ ဘေးက မင်းကြီးအင်နိုးစန့်ကလည်း ကျွန်တော်ဘာဖြစ်ချင်မှန်း သိမှာမဟုတ်။

ကျွန်တော်လည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘာမှတွေးမနေတော့ပဲ ဂျွန့် ပေါင်ပေါ်အား တက်ထိုင်လိုက်ကာ လည်ပင်းများကို လက်ဖြင့် ရစ်ပတ်လိုက်သည်။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now