{8}

284 25 2
                                    

လှပစွာ တောင်တန်းများဖြင့်ကာရံထားသော တောအုပ်ကြီးထဲတွင် စိမ်းလန်းဆိုပြေလှသော သစ်ပင်ပန်းပင်အများအပြား ပေါက်ရောက်လျက်ရှိသည်။
ပန်းပွင့်ကလေးများသည်လည်း အရောင်စုံလင်စွာ ဖူးပွင့်နေပြီး ပန်းပွင့်ကလေးများနှင့်အတူ လှပသော ထယ်ယောင်းဆိုသည့်ကောင်လေး၏ မျက်နှာမှာ မဲ့ရွဲ့ကာအလိုမကျသည့်အတိုင်း ဆူပုပ်နေလေသည်။

" ဂျောင်ကု.....ကျွန်တော်ကဒီမှာရေချိုးရမှာလား.. "

ကျွန်တော်စိတ်မပါစွာ ဂျောင်ကုအားမေးလိုက်မိသည်။

" အင်းဟုတ်တယ်...ဒီမှာရေချိုးရမှာ "

ကျွန်တော်ကြက်သေသေ နေမိသည်။ အခုကျွန်တော်ရေချိုးရမယ့်နေရာက ရေစီးသိပ်မသန်တဲ့ ချောင်းငယ်လေးတစ်ခုမှာ ။ ချောင်ထဲမှာ ရေချိုးရမယ့်အတွက် ကျွန်တော်အဆင်ပြေချင်သော်လည်း အဓိကပြဿနာက ကျွန်တော်မှရေမကူးတတ်တာ...။

" ထယ်ယောင်း....ရေသွားချိုးလေ "

" ဟမ်...အော်အင်းပါ "

ဂျောင်ကုပြောမှ ကျွန်တော် ချောင်းရဲ့ဘေးနားကို သွားလိုက်သည်။ ကျွန်တော်လည်း ရေစပ်နားက ကျောက်တုံးတစ်ခုမှာထိုင်ပြီး အကျီချွတ်ဖို့လုပ်လိုက်ချိန် ဂျောင်ကုကိုကြည့်လိုက်တော့....... အဲ့တစ်ကောင့်သားက ကျွန်တော့်ကိုကြည့်နေတာ မျက်လုံးပြုတ်ကျမတတ်..။

ကျွန်တော်တောင် ဂျောင်ကုအကြည့်အောက်မှာ ကိုယ်၀န်ရသွားနိုင်ချေရှိတယ်။ ဘာတွေများ စိတ်၀င်စားပြီးကြည့်နေတာလဲ ကျွန်တော်လဲမသိ။ ကျွန်တော့်ရဲ့ sexy ကျတဲ့body လေးကိုငမ်းနေတာတော့မဟုတ်ဘူးမလား..။

" ရားးးဂျောင်ကု ကျွန်တော်အကျီချွတ်မလို့ အနောက်လှည့်နေပေးပါလား.. "

" ယောကျာ်းလေးအချင်းချင်းပဲ ဘာမှမဖြစ်ပါဘူး.. "

ကျွန်တော်ပြောတာကိုမလုပ်ပဲ အရစ်ရှည်နေသော ဂျောင်ကုဆိုတဲ့ထိုလူ။ ယောကျာ်းလေးအချင်းချင်းဆိုပြီး ကြည့်နေတာ ကျွန်တော့်ကိုအကောင်လိုက် မျိုချတော့မယ်ပုံစံနဲ့... ပြောရင်းကြက်သိန်းတောင်ထမိတယ်။

" ဘာပဲဖြစ်ဖြစ်ဗျာ...လှည့်ဆိုလှည့်ပေါ့ လျှာကိုရှည်တယ် "

ကျွန်တော်ပြောလိုက်မှ အနောက်လှည့်သွားရှာတယ်။ ကျွန်တော်အကျီအမြန်ချွတ်ချင်သော်လည်း ရှေးခေတ်ကအကျီတွေဆိုတော့အထပ်ထပ်တွေနဲ့ တော်တော်နဲ့ချွတ်လို့မပြီး။
ခဏအကြာ ကျွန်တော်ကျောက်တုံးပေါ်မှာ အကျီတွေကိုထားခဲ့ပြီး ရေထဲသို့ဆင်းလာခဲ့လိုက်သည်။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now