{11}

307 24 2
                                    

" ကြင်ယာတော်ကင်မ်... "

ကျွန်တော့်မျက်လုံးတွေကြည့်ပြီး ပြောနေပါသောမင်းကြီး...။ အဲ့အကြည့်တွေကို ကျွန်တော်ရင်းနှီးပြီးသားပါ။ ဒါဂျောင်ကုမှာပဲ ရှိတဲ့စူးရှတဲ့ အကြည့်မျိုးပေါ့။

" ခင်ဗျားက ဘယ်သူလဲ? "

ကျွန်တော်ထိုသို့ပြောလိုက်တော့ အရှေ့ကမင်းကြီးဆိုသူက ခပ်ဖွဖွရီသည်။ ဒီလိုမျိုး ဘာမှန်းမသိတဲ့အခြေအနေမျိုးမှာ ကျွန်တော် မင်းကြီးဆိုပြီးလည်းကြောက်နေစရာ အကြောင်းမရှိပါ။ ဟုတ်တယ်လေ..ဒီအခြေနေကြီးက ဘာမှန်းကိုမသိတာ...။

" ကိုယ့်ကိုတောင် မသိတော့ဘူးလား "

ကိုယ် တဲ့လား..။ ဘုရင်တစ်ယောက်က အဲ့လို အသုံးအနှုန်းမျိုးသုံးတတ်တာလား။ လူကိုရင်ခုန်အောင်လို့..။

" ခင်ဗျားက ဂျောင်ကုလား.. ဟုတ်တယ်မလား "

" ဟုတ်တယ်ဆိုရင်ကော ကြင်ယာတော်ကင်မ် "

မျက်ခုံးတစ်ဖက်ကို ပင့်ပြကာ ပြောလိုက်တဲ့ မင်းကြီးဆိုသော သူ..။ ဒါဆိုမင်းကြီးက တကယ်ပဲ ဂျောင်ကုပေါ့။ မဖြစ်နိုင်တာ ဂျောင်ကုက သာမန်ပြည်သူတစ်ယောက်လေ။ ဘယ်လိုလုပ်ပြီးတော့....။

" ကိုယ်ပြောတာမယုံနိုင်ဖြစ်နေတာလား... ကိုယ်ကမင်းနဲ့အတူနေခဲ့တဲ့ ဂျောင်ကုဆိုတဲ့ ကောင်လေးလေ.. "

တစ်ဖြေးဖြေးနဲ့ မျက်နှာကြီးရှေ့တိုးကာ ထိလုမတက် ပြောနေပါသော ဂျောင်ကုကြောင့် ကျွန်တော် မျက်နှာလွှဲလိုက်ရသည်။

ဒါဆို ကျွန်တော့်ကို ဂျောင်ကုက အားလုံးလိမ်ထားခဲ့တာပေါ့။ သူပြောခဲ့တဲ့စကားတွေအားလုံးက အလိမ်အညာတွေလား။

ဟမ်...။ ကျွန်တော့်မှာတော့ ဂျောင်ကုကိုယုံကြည်လိုက်ရတာ သူကတော့ကျွန်တော့်ကို လိမ်ထားရက်တယ်ပေါ့။

ကျွန်တော် စဥ်းစားရင်းဒေါသထွက်လာတာမလို့ ဂျောင်ကုမျက်နှာကို စေ့စေ့ကြည့်ကာ ဂျောင်ကုရဲ့ နားရွက်ကို အားပါပါနဲ့ လိမ်ဆွဲလိုက်သည်။

" အား!!..မင်း..မင်းဘာလုပ်တာလဲ..!!လွှတ် "

" ခင်ဗျား ကျွန်တော့်ကို အကုန်လိမ်ထားခဲ့တာပေါ့...!!! ဟုတ်လား!! ကျွန်တော်က လိမ်တဲ့လူတွေကို ပိတ်ထိုးပစ်ချင်တဲ့ အထိမုန်းတာ ခင်ဗျားသိလား!! "

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now