{6}

294 38 4
                                    

" ငါ့နာမည်က ဂျွန် ဂျောင် ကု... "

အခုမှ ထိုလူကနာမည်ပြောပြတော့သည်။ ဒါလေးပြောတာ သေမှာကြနေတာပဲ..

" အော်... "

" မင်းငါ့ကိုတကယ်မသိတာလား.. "

" ခင်ဗျားကဘယ်သူမို့လို့ ကျွန်တော်ကသိရမှာလဲ "

ကျွန်တော် ဘောက်စက်စက်ပြောလိုက်တော့ ထိုလူမှ ယုံသွားဟန်။ သူကဘယ်သူမို့လို့ ကျွန်တော်ကသိရမှာလဲလေနော့...

" ဒါနဲ့မင်းက ဘယ်လိုဖြစ်ပြီးဒီရောက်နေတာလဲ "

" ဘယ်လိုရောက်ရောက် ခင်ဗျားအကြောင်းပါလား.. "

ကျွန်တော်ပြောလိုက်တော့ ထိုလူနှုတ်ခေါင်းရှုံ့သွားသည်။ အေးလေ...ဒါကကျွန်တော့်စောက်ကြောင်းကို...

" ထားပါ...ဒါနဲ့ခင်ဗျားကရော ဒီကိုဘယ်လိုရောက်လာတာလဲ "

" ဒါငါ့အကြောင်းလေ...မင်းအကြောင်းပါလား "

ကျွန်တော့်ကိုပြန်ချေ လိုက်ပါသောထိုလူ..။ သူချေကိုယ်ချေနဲ့တော့ ဟုတ်နေပြီ။

" ခင်ဗျားဘယ်သူဖြစ်ဖြစ်ဂရုမစိုက်ဘူး...ဒါနဲ့ခင်ဗျားမှာ မိန်းမရှိလား... "

ကျွန်တော်မေးတော့ ချက်ချင်းကျွန်တော်ကိုလှမ်းကြည့်ပါသော ဂျောင်ကုဆိုသော ထိုလူ။ သံသယမျက်လုံးတွေနဲ့ ။မဟုတ်ဘူးလေ....ကျွန်တော်မေးတာအဲ့လိုမဟုတ်ဘူး..။

" ခင်ဗျားတစ်မျိုးထင်မနေနဲ့...ခင်ဗျားမှာ မိန်းမရှိလားဆိုတာ ခင်ဗျားဆီမှာကျွန်တော်လိုက်နေမလို့မေးတာ "

" မင်းကိုဘယ်သူကငါ့အိမ်မှာနေခိုင်းမယ်ပြောလို့လဲ "

" ဒါပေမဲ့ ကျွန်တော်အခုအိမ်ခြေရာမဲ့ လူတန်းစားလေးဖြစ်နေလို့ ကူညီပါနော် "

ဒီဂျောင်ကုဆိုတဲ့လူကိုကြည့်ရတာ သာမန်လယ်သမားဖြစ်မယ်ပုံ။ မျက်နှာသွင်ပြင်ကလည်း လူဆိုးမဟုတ်လောက်ဘူး ဆိုတော့ကျွန်တော် ဂျောင်ကုအိမ်မှာခဏပေးနေဖို့အကူအညီတောင်းလိုက်တယ်။ အခုကျွန်တော်က ထွက်ပြေးလာတာဆိုတော့ သွားစရာ နေရာလည်းဘယ်မှမရှိဘူးလေ။ ပြီးတော့ ကျွန်တော်မရင်းနှီးတဲ့ပတ်၀န်းကျင် ကြီးနဲ့မလား။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now