part 1(unicode)

8.8K 276 13
                                    


*I love you, I need you
ငါပိုင်တာ အားလုံးမင်းယူ
မင်တစ်ယောက်အတွက်ဆို အသက်ပါပေးမယ်
ယုံပါနော်ချစ်သူ
I love you I miss you
မတွေ့ရရင် ငါ မနေနိုင်ဘူး
ချစ်တဲ့စိတ်က အားလုံးကို သိမ်းပိုက်သွားပြီကွာ ချစ်သူ....I love you*

ဂစ်တာနဲ့အတူ လွင့်ပျံလာသော သီချင်းသံက
နားစည်ထဲကို
အတင်းတိုးဝင်လာတာမျိုးမဟုတ်ပဲ နူးနူးညံ့ညံ့လေး။
အသံတစ်ခုကို မည်ကဲ့သို့ ကဗျာဆန်စွာ ဖွင့်ဆိုရပါမည်နည်း။

မိန်းကလေးအသံပေမယ့်လို့ မိန်းကလေးတစ်ယောက်လို သေးသိမ်နေသော အသံလည်းမဟုတ်
ယောကျ်ား လေးအသံလိုမျိုး ခပ်သြသြလေး ဖြစ်နေတာမျိုးလည်းမဟုတ်။

ပြင်းရှရှ ဝီစကီကို ပါးစပ်ထဲ မော့ထည့်လိုက်သည်။
မျက်လုံးက ဝေ့ဝဲကြည့်တော့ စင်ပေါ်မှာ ဂစ်တာတလတ်နဲ့အတူ သီချင်းဆိုနေတဲ့ ကောင်လေး နှစ်ယောက်။

အာ မဟုတ်သေးဘူး။
တစ်ယောက်က ကောင်လေး ဆိုပေမယ့် တစ်ယောက်က ကောင်လေး နဲ့မတူဘူး။
ထူးဆန်းလိုက်တာ ။

ကောင်ကလေး မဟုတ်တဲ့ ကောင်ကလေး ပေါ့။

*ဘယ်သူ့မှ ကိုယ့်အနားမရှိရင်လည်း မင်းလေးတစ်ယောက် ရှိနေယုံနဲ့
ပြည့်စုံပါတယ် ချစ်သူရယ် ယုံကြည်ပါကွယ်
အေး ဟေး ဟေး
မင်းဘက်က အနိုင်ယူရင်လည်းအရှုံးပေးရင်းအနွံတာခံမယ်
မင်းအတွက်ပဲ
ကိုယ့်အချစ်တွေ အပိုင်ယူပါကွယ်

I love you, I need you
ငါပိုင်တာ အားလုံးမင်းယူ မင်းတစ်ယောက်အတွက်ဆို အသက်ပါပေးမယ် ယုံပါနော် ချစ်သူ
I love you, I miss you
မတွေ့ရရင် ငါမနေနိုင်ဘူး
ချစ်တဲ့စိတ်က အားလုံးကို သိမ်းပိုက်သွားပြီကွာ
ချစ်သူ....I love you*

အသံတစ်ချက်စီတိုင်းမှာ ကိုယ်ပိုင် ဟန်ပန်တွေ ပါရှိနေသလို။
တစ်လောကလုံးမှာ သူတစ်ယောက်ထဲ ရှိနေတဲ့ ပုံစံမျိုးနဲ့ ။
ဘေးက သီချင်းအတူဆိုနေတဲ့သူကိုတောင်
တစ်ချက်မကြည့် ယုံကြည်မှုကအပြည့်။

သူတို့သီချင်းဆိုလို့ပြီးတော့ ဘေးနားက ဝိုင်းမှာ လာထိုင်တဲ့အထိ ငေးကြည့် နေတာကို သတိမထားမိကြသေးပုံပဲ။

"sorry အချစ် ကိုနောက်ကျသွားတယ်"

အခုမှာရောက်လာတဲ့ သူကို ခေါင်းသာရမ်းပြလိုက်သည်။
အရင်ဆို ဒီလောက် နောက်ကျရင် တခြားတစ်ယောက်နဲ့ ချိတ်သွားမှာ ဆိုပေမယ့်
အခုတော့ တစ်စုံတစ်ခု ကို အာရုံရောက်နေတာမို့
ကြာသွားတာတောင်သတိမထားမိ။

A letter to A boy who is not a boy(Completed)Where stories live. Discover now