part 13(Unicode )

1.5K 139 4
                                    

အချိန်တွေကြာလာတာနဲ့အမျှ အာကာမင်းထက်နဲ့ ယုယမေတို့ မောင်နှမအရင်းတွေသဖွယ် သံယောဇဉ် တွယ်လာကြသည်။
အိမ်ထဲက အပြင်မထွက်သော အာကာနှင့် အိမ်မကပ်သော ယုယ တို့သည်
အပေးအယူတည့်ကာ အဆင်ပြေလွန်းခဲ့သည်။

လူတစ်စုက နေ့စဥ် သတင်းစာထဲ လူပျောက်ထည့်နေတာကလွဲရင်၊
လူတစ်စုကို သိပ်သတိရတာကလွဲရင်၊
တစ်ယောက်သောသူကိုသိပ်လွမ်းမိတာကလွဲရင်
ယုယမေသည် တက်နိုင်သမျှ အာကာအား ပျော်ရွှင်စေဖို့
ကူညီပေးခဲ့ပါသည်။

" မသွားချင်ပါဘူးညီမလေးရယ်"

" အဲ့လိုပဲ တစ်သက်လုံးအိမ်ထဲမှာပဲ နေနေလို့မှ မရတာ။
အခုဟာက ဘယ်မှလည်းမဟုတ်ဘူး။
ဒီရက်ကွက်နားလေးတင် မုန့်သွားစားရုံပဲကို။
လုပ်ပါ ကိုကိုရယ် ရင်ဆိုင်လိုက်စမ်းပါ။
ကိုကိုက သတ္တိရှိပါတယ်"

အမြဲတမ်း အိမ်ထဲ ပုန်းနေလို့ ယုယက အပြင်ထွက် ရန်ခေါ်ခြင်းပါ။
သို့ပေမဲ့ အာကာ အပြင်ထွက်ရန် အဆင်သင့်မဖြစ်သေး။
ယုယစီစဥ်ပေးသော နေကာမျက်မှန် ရယ်၊ လျှာထိုးဦးထုတ်ရယ်၊ ဟူဒီအပြာရောင်လေးနဲ့ ခေတ်လူငယ်တွေလို အသွင်ဖြစ်စေရန် ဝတ်ဆင်လိုက်ပြီး
ဒီရောက်ထဲက ပထမဆုံး အပြင်ထွက်ဖို့ ဖြစ်လာခဲ့သည်။

"ဘယ်သူမှမတွေ့ပါဘူး"

ကံဆိုသည်မှာလည်း အဆန်းသားမဟုတ်ပေဘူးလား။
တိုက်အောက်ဆင်းသည်နှင့်တပြိုင်နက်
ယုယကို တစိမ်းအမျိုးသားနှင့်တွေ့လိုက်သည်မို့
ထူးဆန်းသော အကြည့်နဲ့ ကြည့်နေကြသော လူတွေရဲ့မျက်ဝန်းများကို ဦးစွာရှောင်ရတော့သည်။

တစ်ယောက်ယောက်ကများ တွေ့သွားခဲ့ရင် ဟုသော အသိက
ခေါင်းထဲကိုစောင့်ဝင်လာသည်။

ဒီလို ရပ်ကွက် လေးထဲက
ပီဇာ ဆိုင်လေးထဲဝင်ပြီး မောင်နှမနှစ်ယောက် ပီဇာစားဖို့လုပ်သည်။

" ဒီမှာ ခဏစောင့်နေနော်
ညီမလေး သန့်စင်ခန်းခဏသွားမယ်"

ခေါင်းညိတ် ပြလိုက်တော့ ပေါ့ပါးစွာပဲ ထပြေးသွားသည့်ယုယမေသည်
ဆေးလိပ်သောက်ရန်ဖြစ်ကြောင်း အာကာရိပ်မိလိုက်ပြီ။

A letter to A boy who is not a boy(Completed)Where stories live. Discover now