Part 16(Unicode )

1.3K 111 10
                                    

" ရေး.... သားနိုင်တယ် သားနိုင်တယ်"

"မဟုတ်ပါဘူး အဲ့တာနင်ညစ်တာလေ "

" ဘယ်ကလာ မင်းတို့အကုန်ရှုံးတယ် အဲ့တာ ငါနိုင်တာကွ ဟုတ်တယ်မလား မမမေ"

စူးရှတံခါးဖွင့်ပြီးသည်နှင့် ကြားရသည့်ဆူညံသံများက အဖေဘက်ကအမျိုး အမေဘက်ကအမျိုးတွေ မြေးမြစ်တီတွတ်မကျန် အလည်လာကြသည့်အလား။
ယုယငယ်အတင်းထိုးပေးထားသည့် အိမ်တံခါးသော့အပိုက စူးရှတွင်ရှိသည်။
ယူထားမိတာမှားပြီလား။

အိမ်ထဲဝင်လျင်ဝင်ခြင်း ပေတူးလန်နေသည့် တစ်ရွယ်ထဲ ကလေးတစ်ဖွဲ့နှင့် စူးရှမြင်ဖူးနေဟန်ရှိသည့် အရွယ်ငယ်ငယ်ကောင်လေးတစ်ယောက်လည်းပါသည်။
ထိုကောင်လေးသည် ယုယငယ်လက်ကို ကိုင်ကာ
ကလေးတွေနှင့်အပြိုင်ငြင်းနေ၏။

" ဖြိုးဝေ ကလေးတွေကို မညစ်နဲ့လေ"

"မညစ်ပါဘူး မမမေရ။သူတို့ကသာ ကျွန်တော့်ကို အဖွဲ့လိုက်ညစ်နေကြတာ"

စူးရှဝင်လာသည်ကို ရိပ်မိပုံမရကြသေးသော
ယုယငယ်နှင့် ကလေးများအဖွဲ့က
ဇယ်ဝှက်တမ်းကစားနေကြသည်။
အရွယ်တူ ကျောက်စရစ်ခဲလေးတွေအများကြီး ကိုယ်စီကိုယ်င ရှိကြပြီး
ကိုယ်လိုသလောက်ဝှက်ကာ အားလုံးကဝှက်ထားသော လက်ထဲမှ ခဲလေးတွေကို ခန့်မှန်းကာ ပေါင်းပြီး ရလာသည်အဖြေကို ခန့်မှန်းဖြေရခြင်းဖြစ်သော်လည်း
စူးရှကြည့်ရသေလာက် ကလေးတွေက တစ်ဖွဲ့ ညှိရင်း ကစားကြပြီး
ဟိုကောင်လေးကတစ်ယောက်ထဲ ဖြစ်နေပုံ ရသည်။

"အာ စူးရှပဲ"

ယုယငယ် က စူးရှကိုမြင်မှ ထလာပြီး နှုတ်ဆက်စကားပြောသည်။
လူတစ်ယောက်လုံးဝင်လာတာတောင် မမြင်ရအောင် အရမ်းစိတ်လွတ်ကိုယ်လွတ်ပျော်နေပုံပဲ။

"သူတို့တွေက"

" ဖြိုးဝေပေါ့ ။ မပြောမဆိုနဲ့ကလေးတွေလျှောက်ခေါ်လာတယ်"

" မမမေကလည်း သူတို့က မေးတာကိုးလို့ "

စူးရှကလေးတွေကို ဝေ့ကြည့်လိုက်သည်

"အနှောင့်အယှက်ဖြစ်သွားပြီလားမသိဘူး"

"ဖြစ်တာပေါ့.."

A letter to A boy who is not a boy(Completed)Where stories live. Discover now