Part 8(Unicode)

1.9K 162 6
                                    

"ကိုကို မြန်မြန်ပြန်လာမယ်မလားဟင်"

အသက်ငါးနှစ်အရွယ်ကလေးမလေးက သူ့အကိုဖြစ်သူလက်မောင်းကိုဆွဲလို့ ။
အကိုက အရာရာနားလည်တဲ့အရွယ်ရောက်နေပြီမဟုတ်လား။
သူ့မျက်ဝန်းမှာ ဟန်တောင်မဆောင်နိုင်အောင် မျက်ရည်တွေချွဲလို့။

"အင်း ကိုကို ပြန်လာပါ့မယ်။ ငယ်ပု ကိုကို ပြောထားတာတွေမမေ့နဲ့နော်။
ကိုကိုမရှိလည်း ငယ်ပုက သတ္တိရှိရမယ် ဟုတ်ပြီလား"

လေကြမ်းကြမ်းတစ်ချက်တိုက်လိုက်တာနဲ့ပြိုကျသွားနိုင်သည့် အိမ်အိုလေးကို ထို ကောင်က မော့ကြည့်လိုက်သည်။
အိမ်ပေါ်ထိုင်နေသော အမေနှင့်အဖေအားလည်း နာနာကျင်ကျင် မုန်းမိသည်။

မိသားစု စုံလင်နေလျင် မည်သည့် ခက်ခဲမှုကိုမဆို ကျော်လွှားနိုင်ပါလျက်နှင့်၊
ပျော်ရွှင်မှုဟာ ငွေစက္ကူ တွေနှင့် လားလားမျှ မဆိုင်ကြောင်း အမေတို့အဖေတို့ မသိပါချေ။

" ရောင်းစားသည် " တဲ့။
ကိုယ်ဝမ်းနဲ့လွယ်မွေးခဲ့သော သားဖြစ်သူအား တခြားသူစိမ်းထံ ပိုက်ဆံအများကြီးနှင့် ရောင်းစားသည်တဲ့။
ကျွန်နော်အဆင်မပြေရင်တောင် မေမေတို့နှင့် ညီမလေးအဆင်ပြေမယ်ဆို
အသက်ပါပေးဝံ့ပါသည်။

ကြီးကျယ်ခန်းနားသော နန်းတော်သမျှ ကြီးမားသည့် အိမ်ကြီးရဲ့ အခန်းတစ်ခုထဲ ကောင်ကလေး နိုးလာခဲ့သည်။
သူ့တစ်ကိုယ်လုံး နာကျင်မှု အပြည့်နှင့်။
အဝတ်စလစ်ဖြစ်နေသလိုမျိုး ခံစားမှု နဲ့အတူ ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်မိတော့
တကယ်ကို ဘာအဝတ်အစားမှ ရှိမနေခဲ့တာပဲ။

"ကောင်လေးနိုးပြီလား"

ခပ်ကြီးကြီးနဲ့ဝဲတဲတဲဖြစ်နေသော အမျိုးသားတစ်ယောက်၏အသံ။
ဘေးကိုကြည့်တော့ ထိုင်ခုံပေါ်ကနေ ဝိုင်တစ်ခွက်နဲ့ သူ့တစ်ကိုယ်လုံးကို သားရေတမြမြနဲ့ ကြည့်လို့။
ရွံစရာမျက်နှာထားနဲ့ အဆီတဝင်းဝင်းဖြစ်နေသော ရုပ်ပိုင်းဆိုရင်ရာက
ဖြူစွပ်နေသော အသားအရေရှိပေမယ့် အဝလွန်ပြီး အဆီတွေတွဲကျနေသလိုဖြစ်နေသည်။

အောက်ခံဘောင်းဘီသာရှိပြီး ကျန်တာဘာမှဝတ်မထား။

"ခင် ခင်များဘယ်သူလဲ"

A letter to A boy who is not a boy(Completed)Donde viven las historias. Descúbrelo ahora