Part 14(Unicode )

1.4K 129 8
                                    


စူးရှနှင့် ယုယငယ် အချိန်ကြာကြာထိ နမ်းနေမိကြသည်။

အဲ့ဒီ့အမိက ကျွမ်းကျင်အဆင့်ပဲ။

မနက်စောစောစီးစီး ဘယ်ကနေ ဘယ်လို နှစ်ယောက်သား နမ်းနေမိကြလဲဆိုတာ စူးရှ ပြန်တွေးနေမိသည်။

မနေ့ညက သူမရဲ့ ဘယ်သူမှန်းမသိသော လူကို လွမ်းစိတ်ကြောင့်
ခံစားနေရပုံကို မကြည့်ရက်သူ စူးရှက အကြာကြီး ရှိနေပေးခဲ့သည်။

အခန်းထဲအိပ်ပျော်သွားခဲ့ပြီး
ပြန်နိုးလာတော့ မိုးလင်းနေပြီ။
စူးရှဘေးတွင် စောင်းအိပ်ကာ မျက်စိပွင့်လျက်သား ယူယငယ်က စူးရှကို စိမ်ပြေနပြေ ငေးကြည့်နေခဲ့သည်။

"အမလေး... "

အလန့်တကြားထထိုင်လိုက်သည်။
ယုယရော လိုက်ထထိုင်လာပြန်၏။

စူးရှ မတ်တတ်ထရပ်တော့ ယုယငယ် ပါထရပ်လာသည်။

" ဘာလို့လိုက်ကော်ပီနေတာလဲ "

ယုယ ခိုးရယ်နေတာကို စူးရှ မြင်လိုက်သည်။

"ရှက်လို့လား။ တစ်ညလုံး အတူအိပ်ခဲ့တာတောင်"

"ကျွန်တော်ပြန်တော့... အင့် "

လူကို သူ့အပိုင်လို ဆွဲလားရမ်းလားနဲ့
နှုတ်ခမ်းကို ထိကပ်ထားသော
ယုယငယ်က လက်ရဲဇက်ရဲနိုင်လွန်းသည်။

တွန်းထုတ်လိုက်ချင်ပေမယ့်
မျက်လုံးမဖွင့်ရဲ။
စူးရှ၏ ပါးနှစ်ဖက်ကို ထိကိုင်ထားတာမို့ လှုပ်မရဲ အသက်ရှူမရဲနှင့်။ ရင်အစုံက
ပေါက်ကွဲတော့မည့် ဗုံးလို ခံစားလာရသည်။

ရင်ထဲက ဗလောင်ဆူလာလွန်းသောကြောင့်
ဗိုက်ဆာလာသလိုလိုရှိသည်၊

ယုယငယ်ကနှုတ်ခမ်းချင်းထိကပ်ထားရမှ ခွါပေးလိုက်တော့

"ပြန်.. ပြန်တော့မယ်"

အယောင်ယောင်အမှားမှားနှင့် စူးရှတစ်ယောက် အိမ်ထဲက ပြေးထွက်ခဲ့သည်။

အသင့်တွေ့သော တက္ကစီပေါ်တက်ထိုင်ပြီး
နေရပ်ပြောလိုက်သည်။
တက္ကစီ သမားက စောစောစီးစီး ဘာတွေးပြ ပျော်နေမှန်းမသိ
သီချင်းတစာစာနှင့်။

စောစောစီးစီးဖွင့်ထားတဲ့သီချင်းက ချစ်ခွင့်ရချင်ပြီ။

အများကတားမြစ်ထားလည်း အဖြေကို လိုချင်တယ်
ပျော်ရွှင်စရာက မင်းပဲ ဖြစ်တယ်နော်...

A letter to A boy who is not a boy(Completed)Where stories live. Discover now