Part 4(Unicode )

3K 217 20
                                    


"ညီ မင်းကို ငါ ဒီမိန်းမနဲ့ မပတ်သက်ဖို့ ပြောထားတယ်လေ"

"ကျွန်...ကျွန်တော်"

ဟိုတစ်ခါ ကလပ်မှာ တွေ့ခဲ့တုန်းကတည်းက အကိုမှာထားပြီးသား။
အဲ့တာကြောင့်လည်း ဟိုနေ့က မုန်ုတီဆိုင်ပြဿနာတုန်းက မသိချင်ယောင်ဆောင်နေတာ။

အခုလို လာဆုံလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။

လောကကြီးက ကျယ်ပေမယ့် ကမ္ဘာ ကြီးက ကျဥ်းကျဥ်းလေးဆိုတာ တကယ်ပဲ။
ဘာလို့များ ဒီမိန်းမနဲ့ချည်း ဆုံနေမိပါလိမ့်။

လူတစ်ယောက်ကို မတော်တဆ သုံးကြိမ်တိတိ တိုက်ဆိုင်ပြီး ဆုံခဲ့ရင် ဖူးစာတဲ့။

ဒီလိုတော့ မပြောသင့်ဘူးမလား။

စူးရှမှာ အမအွန် ရှိပြီးသားလေ။

"တို့က ပတ်သက်ရုံပဲ ဘယ်ဟုတ်တော့မလဲ"

ခွမ်း။

လက်ထဲက ကိတ်ပန်းကန်လေးက ကြမ်းပြင်ပေါ် ခုန်ချလို့။
ဒီအမိ ဘယ်လိုစကားကြီးပြောချလိုက်ပါလိမ့်။

"သြော်! တို့ မင်းဆီက ပိုက်ဆံ ချေးထားတာလေ အဲ့တာလေး ပြန်ပေးချင်လို့ပါ
နောက်ပြီး မင်းကို ဘယ်လို ဆက်သွယ်ရမလဲ ဆိုတာရော သိချင်လို့"

ပိုက်ဆံ တစ်သိန်းကို ကမ်းပေးနေပေမယ့် စူးရှမှာ ယူရခက်မယူရခက်။
ဘာတဲ့ ဆက်သွယ်ဖို့ရောတဲ့၊

"ဒီမှာ ယုယငယ် မင်းငါတို့ သူငယ်ချင်းဘဝကို ဖျက်ဆီး ပြီးပြီပဲ၊ မလုံလောက်သေးဘူးလာ။
မင်းဟာမင်း ဘယ်အကောင်နဲ့သွားအိပ်အိပ် စောက်ဂရုမစိုက်ဘူ အေးငါ့ညီကိုတော့ ရမယ်လာမကြံနဲ့"

အကိုက ပေါက်ကွဲနေပေမယ့် အဲ့အမိက နားထဲတောင်ဝင်ရဲ့လား။
မျက်စာပစ်ရင်း ပိုက်ဆံ ယူခိုင်းနေသေးသည်။

" ရ ရပါတယ် ပြန်ပေးမနေတော့ပါနဲ့၊ ကျွန်တော်က ဒီအတိုင်း အမြင်မတော်လို့ ဝင်ကူညီရုံပဲ
ပြီးတော့ ကျွန်တော်နဲ့ အမိက ပတ်သက်စရာလည်း မလိုဘူးထင်တယ်"

"မင်းမလိုပေမယ့် တို့လိုတယ်လေ"

ဘယ်လိုတောင် ရဲတင်းတဲ့ မိန်းမပါလိမ့်။
အကိုက ရှူးရှူးဒိုင်းဒိုင်း တွေဖြစ်လို့ သူငယ်ချင်းတွေက ဆွဲထားရပြီ။
သူပေးတဲ့ ပိုက်ဆံကိုမှ မယူရင် ပြီးတော့မယ့်ပုံမပေါ်ဘူး။

A letter to A boy who is not a boy(Completed)जहाँ कहानियाँ रहती हैं। अभी खोजें