Part 17(Unicode )

1.3K 119 8
                                    

"ဒါဆို အမိအကိုက အသက်ရှင်နေတုန်းလား"

"မသိဘူး"

ချစ်စကားကြိုက်စကားမဆို ရသေးပါပဲ မဆိုလိုက်ရပါပဲဟုပြောလျှင်ပိုမှန်မည်။
နေ့ချင်းညချင်း စူးရှဟာယုယငယ်နှင့် တွဲပြီးနေပြီ။

ယုယငယ်၏ အသက်ရှင်ဖို့အရေးတို့အရေး အဲလေ စူးရှအရေးလိုဖြစ်ကာ ကာယကံရှင်ကတောင် ဘာမှမလှုပ်ပါပဲ
စူးရှက ဘေးမှနေကာ အလုပ်များ နေသည်။

ရိုးတွင်းခြင်ဆီဆိုတာ မိသားစုဝင်တစ်ယောက်ယောက်ဆီမှာသာရနိုင်ကြောင်းသိထားသောကြောင့် ယုယငယ်၏မိသားစုအကြောင်းအသေးစိတ် စူးရှမေးခဲ့သည်။

မွေးချင်းအကိုတစ်ယောက်ရှိပြီး ငယ်ငယ်က ပိုက်ဆံနှင့် လဲပစ်လိုက်ကြသည်ဟု ဆိုသည်။ မိဘများဆုံးသွားကြသည်အထိ အကိုနှင့် လုံးဝပြန်မတွေ့ရတော့သည်မှည ယနေ့ထိပင်။

ယုယငယ်ထံတွင် အကို့ဓာတ်ပုံတစ်ခုလောက်သာရှိလျှင် အဆင်ပြေအုံးမည်။
ခုတော့ ဘာသဲလွန်စမှ ရှာမရခဲ့။

" ဘာလို့အလုပ်ရှုပ်ခံနေမှာလဲ"

ယုယငယ်သည် စူးရှထင်ထားတာထက်သိပ်အေးတိအေးစက်နိုင်သည်။
ခံစားချက်ကင်းမဲ့နေသည့်မျက်ဝန်းတွေက
ကြောက်စရာကောင်း၏။
အိပ်ယာပေါ်လဲကျလုဆဲဆဲအခြေအနေဖြစ်နေတာတောင်
ဘာမှမဖြစ်သလိုအံကြိတ်နေနေပြန်သည်။
တစ်ခါတစ်ရံ စူးရှအလစ်မှာ ဆေးလိပ်ခိုးသောက်နေတက်သေးသည်။

ထို့ကြောင့် စူးရှမှာ ယုယငယ်အား မျက်စိအောက်က အပျောက်မခံပေ။

တခြားအကြောင်းကြောင့်လည်းပါချင်ပါနေမှာပေါ့။

" အိုးကမပူစလောင်းကပူနေတယ်"

ယုယငယ်စကားကြောင့် စူးရှ ဒေါသထောင်းခနဲထွက်သွားကာ ပေစောင်းစောင်းလှည့်ကြည့်လိုက်သည်။

" ကျွန်တော်လုပ်နေတာ ခင်များအတွက်လေ ။ ခင်များကို မသေစေချင်လို့လေ။
ဘာလို့ လိုက်ကပ်တွက်နေရတာလဲ"

ယုယမေက စူးရှကို အကြည့်လွှဲသွားသည်။

"တို့ဘဝတစ်လျှောက်လုံး လိုက်ရှာနေခဲ့ပြီးပြီ"

A letter to A boy who is not a boy(Completed)Место, где живут истории. Откройте их для себя