Part 20(Unicode )

1.3K 128 5
                                    

(စာအမှားတွေပါရင် သည်းခံပေးနော်။ အားမှပြန်ပြင်မှာမို့လို့ပါ)

ဒီညနေ လေယာဉ်လက်မှတ်ဖြတ်လို့ရခဲ့၏။
ရန်ကုန်မှ ဘန်ကောက်ကို တစ်နာရီတောင် မကြာလေယာဥ်စီးရသည်။
ကြိုသွား မည်ဆိုလျှင် ညနေငါးနာရီလောက် အိမ်မှ ထွက်လျှင် အဆင်ပြေသည်။

ထို့ကြောင့် မနက်ပိုင်း
စူးရှ လိုအပ်တာတွေပြင်ဆင်နေသည်။

အမအွန်မ်စကားက ယုတ္တိမရှိပေမယ့်  မလိမ်တက်။
ယုယငယ်က ဘယ်ကနေ ဘယ်လို ဘယ်ရောက်သွားတာမို့ အမအွန်မ် က သိနေရတာလဲ။
ပြီးတော့ သူက ထိုင်းနိုင်ငံထဲရောက်နေတာမို့ အမအွန်မ် က
သူဘယ်မှာလဲသိနေတာလား။

မဖြစ်နိုင်ဘူဆိုရင်တောင် ရေနစ်နေသူအတွက် ဒါက ကောက်ရိုးလေးတစ်မျှင်ဖြစ်နေနိုင်သည်။
စူးရှနှင့်အတူ တစ်မိသားစုလုံးရော အာကာမင်းထက်ရောပါ ယုယငယ်အား တွေ့ချင်နေကြသည်။

အနားရှိနေပြီး ကိုယ့်ညီမလေးအရင်ခေါက်ခေါက် ဖြစ်မှန်းမသိ ရောဂါအခြေအနေဆိုးနေတာကို ရပ်ကြည့်နေမိသည့် အာကာမင်းထက်ခမျာ သူ့ကိုသူ ယူကျုံးမရဖြစ်လို့နေသည်။

စောစောထဲက ဘာလို့မသိခဲ့ပါလိမ့်လို့လည်း အကြိမ်ကြိမ် အပစ်တင် နေမိခဲ့သည်။
ခုသိသွားတော့လည်း
ညီမလေးကို သူ ရှာမတွေ့တော့ပြန်ဘူးတဲ့။

အာကာမင်းထက်အတွက် စူးရှ ခံစား နားလည်ပေးနိုင်ပါသည်။
ဒါ့အပြင် စူးရှနှင့် ယုယငယ်က...

"သားငယ်ဆီ စာရောက်တယ်"

သားငယ်ဆီစာရောက်တယ် ဟူသောစကားမှာ စူးရှအတွက်ထူးဆန်လှသည်။
အကြောင်းမှာ ဒီလိုဖုန််းဖြင့်အင်တာနက်ဖြင့် အလွယ်လေးဆက်သွယ်လို့ရနေသည်ကိုစာပို့လာတယ်ဆိုတာက မထူးဆန်းဘူးလား။

နောက်ပြီး စူးရှကို စာပို့လောက်မည့် အသိမိတ်ဆွေ လည်း မရှိလေ။

အညိုရောင်စာအိတ်ရိုးရိုးကလေးဖြစ်၏။
စာအိတ်အပေါ် လိပ်စာအတိအကျနှင့်အတူ
အမည်နာမတစ်ခုမပါ .. ပေးပို့သူအမယ်လည်းမပါ။
လက််ရေးက ဝိုင်းစက် မနေသော်လည်း အရမ်းရုပ်ဆိုးမနေပါ။
ရှင်းလင်း နေပြီး
ဖွဖွကလေးရေးထားဟန်တူသည်။

A letter to A boy who is not a boy(Completed)Where stories live. Discover now