Part 11(Unicode )

1.5K 136 0
                                    

သင်္ကြန်အကြတ်နေ့။

" ကိုကို တံခါးဖွင့်"

ဒုန်း ဒုန်း။

"သားကြီးရေ တံခါးဖွင့်ပါအုံး။
ဖေဖေတို့တောင်းပန်ပါတယ်။
စကားပြောရအောင်နော် "

"ကိုကို တံခါးဖွင့်မလား ကျွန်တော် တံခါးဖျက်ပြီးဝင်လာခဲ့ရမှာလား"

အိမ်ထဲမှာ ဆူညံနေသံကြောင့်
စူးရှနှင့် အွန်မ်စင် ဆို့ အခန်းထဲ မှ ပြေးထွက်လာကြသည်။

အပြင်လျှောက်လည်ဖို့ ပြင်ဆင်ကြသော သူတို့နှစ်ယောက်မှာ
ဆူညံနေကြသော မိသားစုကိုကြည့်ကာ နားမလည်။

" ဒယ်ဒီ ဘာတွေဖြစ်နေတာလဲ ဘာလို့အကိုကြီးက အခန်းထဲ မှာ.."

"ဖေဖေ့အပြစ်တွေပါ ဖေဖေ့အပြစ်တွေ"

အဖေဟာ မျက်ရည်တွေပြိုင်ပြိင်စီးလျက်
ယူကျုံးမရ ဖြစ်နေခဲ့သည်။
ဒယ်ဒီကတော့ အဖေ့ကို ရင်ခွင်ထဲထည့်ကာ

"မင်းကြောင့်မဟုတ်ပါဘူး။ ဒါတွေက အချိန်တန်သိရမယ့်အရာတွေပဲကွာ မငိုနဲ့တော့နော်
သားကြီးက အဆင်ပြေသွားမှာပါ"

" အကို ဘာတွေဖြစ်နေတာလဲ"

ဒုန်းဒုန်း ဒုန်း။

"ကိုကို ကျွန်တော်သတိပေးနေတယ်နော်
ကျွန်တော်ဝင်လာရင် အခြေအနေတွေဆိုးကုန်လိမ့်မယ်"

အဖေနှစ်ယောက် ဆီက အဖြေပြန်မရလို့
အမွှာအကိုဖြစ်သူကိုမေးမှ
ပိုပြီး ရူးချင်သွားသည်။

ဘာတွေဖြစ်နေတာမို့လို့ ဒီလောက် အကိုကြီးက အခန်းထဲ လော့ချပြီးနေနေတာပါလိမ့်။
အမအွန်မ် ကတော့ စူးရှ လက်ကလေးကိုကိုင်ကာ စူးရှအဖေကို ဘာမသိညာမသိ နှစ်သိမ့်နေရှာသည်။

လင်းလတ်ထက်သာသည် ရုတ်တရက် တံခါးကိုကန်ဖွင့်သည်။
မရ။
ဒေါသဖွင့်နီရဲနေသော မျက်နှာက စိုးရိမ်မှု တွေကြီးစိုးနေပြန်သည်။

"ကိုကို တံခါးဖွင့်နော်။ ကျွန်တော် တောင်းပန်ပါတယ်"

ချော့တစ်ခါခြောက်တလှည့် အခန်းရှေ့ အော်နေသော်လည်း အခန်းထဲကတော့ အပ်ကျသံပင်မကြားရ။

ဘယ်တုန်းက ခေါ်ထားမှန်းမသိသော အခန်းပြင်သူရောက်လာမှ
အခန်းတံခါးကိုဖွင့်ကာ ဝင်လို့ရတော့သည်။
စူးရှတို့၏ အဖေနှစ်ယောက်မှာတော့ အခန်းတံခါး၏ သော့အား သိမ်းဆည်းမထားမိခြင်းကို နောင်တရနေကြသည်။

A letter to A boy who is not a boy(Completed)Where stories live. Discover now