Part 9(unicode)

1.7K 159 7
                                    

သင်္ကြန်အကြိုနေ့။

အမအွန်မ် ပြောသလို တိုက်ရှေ့ ထွက်စောင့်နေတော့ လူတချို့က ရေပတ်ခံထွက်တဲ့သူတွေရယ်၊ ရေပတ်ထွက်တဲ့သူတွေရယ် ဆူညံလို့။

စတိုင်အမျိုးမျိုး ဆံပင်ကာလာအမျိုးမျိုးနှင့် အရောင်အသွေးစုံ လူတွေက သင်္ကြန်သီချင်းသံ တစာစာနှင့် မြူးထူးပျော်ပါးနေကြသည်။
တစ်နှစ်မှ တစ်ကြိမ်ရောက်သော မြန်မာတို့၏ နှစ်ကူးကို ပျော်ပျော်ရွှင်ရွှင်ကူးသင့်သည်မဟုတ်ပါလား။

"မမမေ"

"ဟင် မောင်လေး စောစောစီးစီး ရေခွက်ကြီးနဲ့ ဘယ်ကောင်မလေး သွားလောင်းမလို့လဲ"

အရင်က ဒီတိုက်ခန်းပြောင်းမလာခင် ဟိုဘက်ရက်ကွက်က ပဲပြုတ်ရောင်းသော အန်တီ ကြီး၏သား ဖြစ်သူ ရှစ် တန်းကျောင်းသားလေး
ဖြိုးဝေ ။

ဒီတိုက်ခန်းပြောင်းလာတာ တော်တော်ကြာပြီဆိုတော့
သူလည်း တက္ကသိုလ်တောင် ရောက်ရောပေါ့။
တိုက်ခန်းမရခင် အထိ အိမ်သေးသေးလေးမှာ အခန်းငှါးဘဝတုန်းက တစ်အိမ်ထဲမှာ ပဲပြုတ်သည်အန်တီကြီးတို့သားအမိနှင့် အတူနေခဲ့ရဖူးသည်။

ဘယ်သူနဲ့မှမတည့်သော ယုယငယ်နှင့် အပေါက်ဆိုးဆိုး ပဲပြုတ်သည်အန်တီတို့သည် မတည့်အတူနေကြသော်လည်း
တစ်ယောက်အခက်ခဲ တစ်ယောက်ဖြေရှင်းပေးတက်သေးသည်။
ယုယက အဒေါ်ကြီး၏ အခက်အခဲတွေ ဝင်ဖြေရှင်းရသည်ဆိုလျှင် ပိုမှန်မည်။

ဥပမာ - ဈေးရောင်းရင်း စောစောစီးစီး အကြွေးလည်းရောင်းပေးရသေး
တောင်းရမယ့်နေ့ကျတော့ မပေးချင်ပေးချင်လုပ်နေကြသော သူတွေဆိုလျှင်
အဒေါ်ကြီးက အပေါက်ဆိုးသည်ဟူသည့်အတိုင်း
အပြောဆိုးဆိုးနှင့် ၇အိမ်ကြား၈အိမ်ကြားတောင်စတက်သည်။

နောက် သူအဆင်မပြေလို့ ငွေတိုးယူခဲ့သော မိန်းမကြီး က ပဲပြုတ်အကြွေးဝယ်စားတာမှ အားမနာ
အဒေါ်ကြီးဆီ ရန်လာတွေ့တက်ချိန်ဆို ယုယငယ်ဝင်ပါရသည်။

အဒေါ်ကြီးက သူပေးစရာရှိတာမို့ ငြိမ်နေတော့ ယုယငယ်က မဆီမဆိုင် ဝင်ပါခဲ့ရခြင်းပင်။

"နင့်ကိုကျေးဇူးတင်မနေနိုင်ဘူး။
ဘယ်သူမှလည်းဝင်မပါခိုင်းဘူး၊
မကျေနပ်လို့ ကျေးဇူးသိပ်တင်ခံချင်နေတယ်ဆိုလည်း ပဲပြုတ်ပဲ ယူစားလိုက်"

A letter to A boy who is not a boy(Completed)Where stories live. Discover now