Part 3(unicode) 18+

4.4K 221 12
                                    


"အကို အကို့သူငယ်ချင်းကောင်မလေး ရဲ့ မွေးနေ့က ဘယ်မှာလုပ်မှာမို့လို့လဲ"

ကားမောင်းနေတဲ့ အကို ဖြစ်သူကို မေးတော့
အကိုက ပုခုံးတွန့်ရင်း

"သူ့အဖေ ပိုင်တဲ့ ဟော်တယ်မှာ ပေါ့။ အခန်းတစ်ခုထဲမှာ စပရိုက် လုပ်ပေးမလို့လေ"

"သြော်"

အချစ်ခံရသူတွေများ ကံကောင်းပါ့။
အကိုက သူ့သူငယ်ချင်းကို အကူအညီပေးရင်းနဲ့ စူးရှကိုပါ မွေးနေ့ဖိတ်ထားလို့ တစ်ခါတည်း ရောပြီးဝင်ကူညီခြင်းဖြစ်သည်။

ဟိုတယ်ရောက်တော့ ကားကိုပါကင်ထိုး
ကားနောက်ခန်းမှာပါတဲ့ နှင်းဆီ ပန်းအစည်းလိုက်ကြီး တစ်စည်း
စူးရှ ကောက်ပွေ့လိုက်သည်။

လူငယ်တွေချည်းမွေးနေ့မှာ လွတ်လွတ်လပ်လပ်ရှိကြမည်ဖြစ်သောကြောင့် စတိုင်ဘောင်းဘီ ဒူးတိလောက်နှင့် ရိုးရိုးတီရှပ်အဖြူရောင်ပေါ်က ရှပ်အကွက်တစ်ထည် ထပ်ဝတ်ပြီး
နေကာမျက်မှန် အနက်ရောင်ကိုတော့ နောက်စေ့တွင် တပ်ပေးထားလိုက်သည်။

နှင်းဆီပန်းစည်းကြီးကို အားရပါးရ ပွေ့ယူလိုက်ပြီး

"အကို.."

"အင်း.."

အကိုက တခြား တွေလီမုစတွေနဲ့ အလုပ်ရှုပ် နေပေမယ့် အသံတော့ပြန်ပြုသား။

" ကျွန်တော်လည်း အမအွန် မြန်မာကို လာရင် စပရိုက်လုပ်မယ်၊ အကို ကူညီနော်"

"အေးပါကွာ မင်းပဲစွံနေလိုက် ၊ နောက်ကားက ကျော်တက်တာ အကိုဖြစ်တဲ့ ငါက အဆင်ပြေမနေဘူးနော်"

အကိုက စနောက်ရုံသက်သက်ပါ။
အကို့မှာ ဒီအရွယ်ထိ တစ်ခါမှ ရည်းစား မရှိခဲ့ဖူး။

တစ်ခါတလေ တွေးမိသား
အကိုကြီး အာကာမင်းထက် နဲ့ အကိုလင်းလတ်ထက်သာ တို့ ချစ်သူတွေရခဲ့ရင် ဘယ်လိုလူမျိုးများဖြစ်မလဲလို့။

သူမတို့တွေ သိပ်ကံကောင်းကြမှာ။
အကိုတို့နှစ်ယောက်စလုံးက ယောကျ်ားလည်းပီသကြသလို
အရည်အချင်း လည်းရှိပြီး
ရုပ်ရည် ပညာ၊ အဆင့်အတန်း အစစအရာရာ ပြောစရာမလိုအောင် ပြည့်စုံလွန်းသူတွေမလား။

A letter to A boy who is not a boy(Completed)Where stories live. Discover now