Part 12(Unicode )

1.7K 150 3
                                    


ညနေပိုင်းလောက်ရောက်တော့ တစ်မိသားစုလုံး ဘယ်မှမသွား၊
စူးရှတို့အတွဲရော အဖေနှစ်ယောက်ကပါ ငြိမ်နေကြသည်။
အမြဲ အပြင်ထွက်လေ့ရှိသည့် လင်းလတ်ကပင် အာကာမင်းထက်အား အရိပ်တကြည့်ကြည့်နှင့်။

"ကျွန်တော် တကယ် အဆင်ပြေပါတယ်။
ရုတ်တရက် မို့ နည်းနည်းဝမ်းနည်းသွားတာ။
အဖေနဲ့ ဒယ်ဒီရော ညီတွေရော၊ ညီမလေးအွန်မ်ကိုပါ ကျေးဇူးတင်ပါတယ် "

အဆင်ပြေတယ်ဟုဆိုနေပေမယ့် ဘယ်သူမှ မယုံချင်သေး။
ညစာကိုအတူစားကြပြီး စကားဝိုင်းဖွဲ့ပြောနေကြသည်အထိ အာကာမင်းထက်သည်
ဘာမှမဖြစ်သလိုနေနိုင်ခဲ့သည်။

" အကိုတစ်ယောက်ထဲ ဖြစ်ပါတယ်"

ညအိပ်ချိန်ရောက်တော့ ကိုယ်စီကိုယ်င အခန်းတွေထဲဝင်ကုန်ကြပေမယ့်
လင်းလတ်က တစ်ဦးတည်းသော ချစ်ရသူအား စိတ်မချသောကြောင့်
အခန်းထဲ အတူလိုက်အိပ်ဖို့လုပ်နေသည်ကို အာကာရိပ်မိသွားသည်။

လင်းလတ်၏စိုးရိမ်မျက်ဝန်းတို့က ပါက်ထွက်တာ့မည့်အလား

"ကိုကို တကယ် အဆင်ပြေပါတယ်ဆို"

"ဒါပေမဲ့ ..."

"ကိုယ့်အခန်းကိုယ်ပြန်ပါ။ အဖေတို့ ရိပ်မိကုန်မယ်"

"နောက်လည်း သိရမှာပဲကို"

လင်းလတ်ကို တွန်းထုပ်ပေမယ့်
အာကာမင်းထက်၏ လက်ချောင်းသွယ်သွယ်လေးများကို ဆုတ်ကိုင်ကာ သူ့ခါးတွင် ဖက်တွယ်စေလိုက်သည်။

အာကာ၏လက်များက အလိုက်တသိပင် လင်းလတ်ခါးကို ဖက်တွယ်ထားပေးလိုက်သည်။

"အင့် နမ်းအုံး"

ချွန်ပေးလာသော နှုတ်ခမ်းကို မဆိုင်းမတွ စက္ကန့်ဝက်လောက် ထိတွေ့မိသည်။
ဝမ်းနည်းစရာကောင်းသလို ကြည်နူးစရာကောင်းသလို
သူ့အခန်းပြန်သွားသော လင်းလတ်၏ ကျောပြင်လေးအား
နောက် မြင်တွေ့ခွင့်မရတော့မှာကို သိတော့ ရင်ဘက်ထဲက ခပ်စူးစူးအောင့်တက်လာပြန်သည်။

"ကိုကို တောင်းပန်ပါတယ် ညီ"

**********

"ကိုကို.."

တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာနေပေမယ့် အရိပ်အယောင် ပင်မတွေ့။
မနေ့ညက အဆင်ပြေဟန်ဆောင်ခဲ့ခြင်း၏ အဓိပ္ပာယ် ကို သူတို့နားလည်သဘောပေါက်ခဲ့ရပြီ။

A letter to A boy who is not a boy(Completed)Where stories live. Discover now