Part 18(unicode)

1.2K 106 5
                                    

အလုံပိတ်ကားတစ်စီထဲ ပိတ်သိပ်နေသည့် လူတွေက အများကြီး။
အပြင်ကိုမမြင်ရ ကားက တစ်ချက်တစ်ချက်ဆောင့်လိုက်တိုင်း လှုပ်ခါရမ်းကုန်သည့်လူတွေက တစ်ယောက်နှင့်တစ်ယောက်တွန်းတိုက်ကုန်ကြသည်။
သူတို့အားလုံး၏ မျက်နှာတွေမှာ၊ ခန္ဓာပေါ်မှာ ကြည့်မကောင်းရထားသော ဆိုးဆိုးရွားရွား ဒဏ်ရာတွေအလူးလူးနှင့်။

တစ်နေရာအရောက် ကားဆောင့်ရပ်လိုက်သည်နှင့် ရှေ့ကိုအားစိုက်လဲကျကုန်သည်။
နံဟောင်နေသည့်ကားသည် ရွံစရာအတိ။

တချို့က ကားမူး၍ တစ်ယောက်ကျောပေါ်အန်ချသူက အန်ချနှင့်။
ကံကောင်းသည်က သူတို့အား ကြိုးဖြင့်ချည်မထားသည်ပင်။

" ငါတို့ရဲ့ရတနာလေးတွေဆင်းခဲ့စမ်း"

ကားနောက်ဖုံးဖွင့်လိုက်သည်နှင့် အလင်းရောင်စူးစူးကြောင့် မျက်စိကိုကွယ်ကာ ကားပေါ်ကဆင်းကြရသည်။
ဆင်းသည်ထက် ဆွဲချခံနေရခြင်းဖြစ်သည်။

နာကျင်နေသော ဒဏ်ရာ၊ ဗိုက်ထဲတွင် ဘာမှမရှိ ဆာလောင်မွတ်သိပ်နေသည်တို့ကြောင့် အားအင်ကုန်ခမ်းလျက်ရှိသည်။

ခြံအကျယ်ကြီးနှင့် အိမ်အကြီးကြီးတစ်ခု။
ဘေးပတ်ပတ်တွင် လမ်းမကြီးကလွဲ မည်သည့် အိမ်တွေ လူတွေမှ ရှိသည့်ပုံမပေါ်။
လမ်းမကြီးကလည်း ဟောင်းနွမ်းညစ်ညမ်းနေသည်။

"ဘာငေးနေတာလဲ ခွေးသားရ သွားလေ"

နောက်မှ ဆောင့်ကန်ခုံလိုက်ရသည်ကြောင့် ခွေလဲကျသွားသည်။

"လာ"

လဲကျသွားသည်လူကို ရှိသည့်အားကလေးဖြင့်ထူကာ ထရပ်စေပြီး အမြန်လိုက်သွားရသည်။
ဟိုလူတွေ ထပ်လုပ်နေရင် သေသွားဖို့သာရှိတော့မည်လေ။

"ကျေးဇူး "

ထပ်မပြောတော့ပဲ ငိုတော့မည့်ဆဲဆဲ ကောင်လေးက သူ့ထက်ပင်ငယ်အုံးမည်ထင်သည်။
ခေါင်းရမ်းပြလိုက်တော့ ထိုကောင်လေးထံမှ မျက်ရည်တစ်စက်လိမ့်ဆင်းသွားသည်။

သူတို့လို လူတွေအများကြီးက ဖမ်းခေါ်လာခဲ့သော သူစိမ်းတွေခေါ်ရာ တရိပ်ရိပ်လိုက်ပါသည်။
အိမ်ထဲတင်သည်။ အိမ်ထဲမှ နောက်တည့်တည့်ဆီသွားကာ ထွက်ပေါက်မှ ပြန်ထွက်သည်။
တောအုပ်တစ်ခုထဲ လျှောက်သွားသည်။

A letter to A boy who is not a boy(Completed)Where stories live. Discover now