Extra(Unicode )

2.4K 132 2
                                    


ညှို့နိုင်လွန်းတဲ့ ကျွန်မချစ်သူ ဆိုတဲ့ သီချင်းသံက အိမ်ကြီးထဲ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဘေးကိုစောင်းအိပ်ရင်း လင်းလတ် နားငြီးလာတာကြောင့် ခေါင်းအုံးကိုနမှာပိတ်ထားလိုက်တာတောင် အသံတွေက ကြားနေရသေး၏။

"တောက်"

မျက်စိဖွင့်ကြည့်တော့ ဘေးမှာ ချစ်ရသူ အာကာမင်းထက်က အိပ်မောကျနေသည်။

ညက သူတော်တော်ကြမ်းခဲ့မိတာကို သတိရကာပြုံးဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ယောက်စလုံး အိပ်တာနောက်ကျခဲ့သည်မဟုတ်ပါလား။
ဖုန်းကိုစမ်းရင်း နာရီကိုကြည့်တော့ ကိုးနာရီခွဲပင်ရှိသေး၏။

ဒီလောက်မနက်အစောကြီးမှာ သီချင်းကို ဆိုးဆိုးဝါးဝါးဖွင့်ကာ လိုက်ဆိုနေသည့်အသံတွေကို နားကြားပြင်းကတ်လာသည်။

*သာယာချိုမြိန်သော×× အနမ်းနဲ့ ညှို့တဲ့သူ
သူဟာလေ ကျွန်တော့်ရဲ့ကြင်နာသူ.....

ထာဝစဉ်တည်ငြိမ်သော အချစ်နဲ့ညှို့တက်သူ
ကျွန်မရဲ့ ကြင်နာသူ
သူ့အကြည့် ဘဝင်မှာဆူ
ရင်ခွင်လွှာကိုပူ...."

"အား..."

စိတ်ထဲမှာ အကျယ်ကြီးအော်ချပစ်လိုက်သည်။

အိပ်ယာမှထကာ အခန်းထဲက ထွက်ပြီး အောက်ထပ်က ဆူလောင်နေသည့်အသံတွေဆီ လင်းလတ်ပြေးဆင်းခဲ့တော့သည်။

အခုဆို ဒီအိမ်ကြီးရဲ့အပေါ်ထပ်ကို လင်းလတ်နှင့် အာကာတို့ နေကြပြီး
အောက်ထက်ကိုတော့ စူးရှနှင့်ယုယတို့နေကြတာ တစ်နှစ်ပင်ကျော်ခဲ့ပြီ။

ဒီအတောအတွင်း လင်းလတ်နှင့် ယုယကတော့ အရင်တုန်းကလိုပဲ မျက်နှာချင်းဆိုင်လို့မရ။
အမြဲတမ်း ကတောက်ကဆတ်ဖြစ်ကြသည်။
စူးရှနှင့် အာကာရှိမှသာ သူတို့မျက်နှာတွေကြောင့် ငြိမ်ရသည်။

အဖေနှစ်ယောက်ကတော့ ဘန်ကောက်ကို ပြန်သွားကြပြီဖြစ်ပြီး
တစ်နှစ်တစ်ခါ သူတို့လေးယောက်စလုံး ဘန်ကောက်ကို အလည်လာရန် ကတိပေးလိုက်ကြသည်။

လင်းလတ်အောက်ထပ်ရောက်တော့ သီချင်းသံက ပိုကျယ်လာ၏။

ဖွင့်ထားသော စက်ဆီသွားပြီး
သီချင်းကိုပိတ်ချလိုက်စဥ်

A letter to A boy who is not a boy(Completed)Where stories live. Discover now