Final (unicode )

2.2K 147 6
                                    

ကျောပြင်ကလေးသည် တစ်ချက်တစ်ချက် တသိမ့်သိမ့်တုန်သွားဟန်ရှိသည်။
ကမ်းပါးမှ တစ်ဘက်ကမ်းကိုမျက်နှာမူထားသည့်တိုင် သူ့ဘေးနားလူတွေရောက်နေသည်ကို သတိမထားမိ။

ဖျော့တော့ပြီး ပျော့ခွေနေတော့မည့် လူမမာတစ်ဦးလို
နုံးခွေနေသည်။

"ညီမလေး"

ကျောပြင်ကလေးတစ်ချက်တုန်ခါသွားသည်။
ထို့နောက် တဖြည်းဖြည်းလှည့်ကြည့်လာသည်။

ဆေးရုံတစ်ခုမှာ အေးဆေးစွာလဲလျောင်းနေရမည့်အစား
တောအုပ်ထဲက ဆေးရုံပျက်ဖြစ်ပြီး ပရဟိတ လိုလို ဘာလိုလိုနေရာနဲ့ လူသူတွေဝေးတဲ့နေရာမှာ
ဆေးဝါးတောင်အစုံအလင်မရှိနိုင်သည့်နေရာမှာ ဘယ်လိုအတွေးကြောင့်များ လာနေရတာလဲ ညီမလေးရယ်လို့ အာကာမင်းထက် အော်ပစ်လိုက်ချင်သည်။

အကိုမှန်းသိသွားရဲ့သားနဲ့ကွာ။

" ပြန်မလိုက်ဘူး ။ ညီမလေးဒီမှာပဲ နေပြီး ဒီမှာပဲသေဖို့ဆုံးဖြတ်ထားတယ်"

တိုးငြင်းယိမ်းနွဲ့နေသေူလေသံက ဖွဖွလေးပေါ်ထွက်လာသည်။
မျက်ဝန်းတွေက တစ်ခုခုကို ရှာနေသလို ပြန်ငြိမ်သွားပြန်သည်။

" ပြန်လိုက်ခဲ့ပါညီမလေးရယ်။
ညီမလေးကို ကိုကို့ဆီက ရိုးတွင်းခြင်ဆီ နဲ့ ကိုက်ညီမှုရှိရင် ပြန်ကုသလို့ရတယ်တဲ့ သိရဲ့လား"

အာကာမင်းထက်စကားကို ယုယငယ်က ခေါင်းခါသည်။
လင်းလတ်နှင့် အဖေနှစ်ယောက်က ခပ်လှမ်းလှမ်းဆီမှာ ရပ်ကြည့်နေကြသည်။

" တစ်ဘဝလုံး ညီမလေးရဲ့ကျန်နေသေးတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ကိုကို့ကိုလိုက်ရှာနေခဲ့တာ ။
အခု တွေ့ပြီ ပြန်တွေ့ရပြီပဲ။ သေပျော်ပါပြီ။
မေမေတို့လည်း ဝမ်းသာမှာပါ"

မျက်ကွင်းတွေဘိုကူ သိသိသာသာ ရုပ်ကျသွားသော ယုယငယ်သည် အရင်ကလို သွက်လက်ခြင်းတို့ရှိမနေတော့။

ယုယငယ်က ခပ်လှမ်းလှမ်းမှာရပ်နေတဲ့လူတွေဆီလှမ်းကြည့်သည်။
ထို့နောက် မျက်နှာပေါ်သို့ အရိပ်တစ်ခုဖြတ်ပြေးသွားတာကို အာကာမင်းဖက်မြင်လိုက်ရသည်။
ထို့နောက် ညင်သာစွာ ခပ်ထေ့ထေ့ပြုံး၏။

A letter to A boy who is not a boy(Completed)Where stories live. Discover now