Part 7(Unicode)

2.1K 190 1
                                    


"P'Aom"

ပူးကပ်လျက်သားဖြစ်နေသော ခန္ဓာကိုယ် နှစ်ခုကို ဆွဲခွါလိုက်ပြီး
အမအွန်မ် ကို ကြည့်တော့ အမအွန်မ် က ဟန်ဆောင်ကောင်းတာလား ဘာမှမဖြစ်တာလား တကယ်ဝေခွဲမရ။

တကယ်ဆို အဲ့အချိန်ထဲက P'Aom ရဲ့ မျက်နှာကိုဖတ်ခဲ့သင့်တာ။
P'Aom အကြောင်းကို ကျွန်တော် အစအဆုံး အလွတ်ရနေပြီလို့ ထင်နေခဲ့တာ။
တကယ်တော့ ကျွန်တော်ဟာ ကိုယ့်ချစ်သူ တစ်ယောက်လုံး ရဲ့ စိတ်ထဲကိုတောင် ဝင်မကြည့်နိုင်ခဲ့ဘူး။

"ညီမလေး ရရဲ့လာ ၊ လာလာ မမကူမယ်"

မြေပြင်ပေါ် လဲကျနေသော ယုယငယ်၏ လက်ကို အမအွန်မ် ကမ်းပေးရင်း ဆွဲထူသည်။
မျက်နှာမှာလည်း အပြုံးတွေက ရက်ရက်ရောရောကိုပေးလို့။

ကျွန်တော်သိပ်အတွေးလွန်နေခဲ့တာလည်း ဖြစ်မှာပါ။
အမအွန်မ် က အဲ့လောက်ထိ သဘောထား မသေးသိမ်ဘူးလေ၊
ဟုတ်တယ်မလား?

"ရပါတယ် ကျေးဇူးတင်ပါတယ် မမ"

"ဘယ်လိုဖြစ်ရတာလဲ ညီမလေးရယ် ညက မိုးရွာထားတော့ အပင်ကချော်နေမှာပေါ့၊
ဘာလို့ မိန်းကလေးဖြစ်ပြီး အပင်ပေါ် တက်ရပါလိမ့်နော်"

ယုယငယ် ဆံပင်တွေ မှာ ကပ်နေသော အမှိုက်တွေကို ဖယ်ပေးရင်း အမအွန်မ် က ပွစိပွစိလုပ်နေသည်။
အမအွန်မ် က တကယ်ကောင်းတဲ့သူပါ။
ကျွန်တော်ဘယ်လိုများ သူ့အပေါ် ရက်စက်နိုင်ပါ့မလဲ။

"ဒီလမ်းထဲမှာ ငယ့်ကောင်လေးနေတာလေ၊ ဒါပေမဲ့ အိမ်တော့ အတိအကျ မသိဘူး ဟီး။ အဲ့တာ သူ့ဆီလာရင်းနဲ့ ပိတောက်ပန်းတွေ မြင်တော့ မနေနိုင်တဲ့အဆုံး တက်ခူးမိသွားတာ"

ခေါင်းကိုကုတ်ရင်း သေချာ အဖြေပြန်ပေးနေသော ယုယငယ်က စူးရှ အရင်က တွေ့ဖူးနေကြ ယုယငယ်နှင့် လားလားမျှမဆိုင်။
အရင်က ယုယငယ်သည် ကြမ်းတမ်းသည်၊ ရိုင်းစိုင်းသည်၊
မဟုတ်မခံ နှင့် ဇတ်ဇတ်ကြဲ နိုင်လွန်းသည်။
သည်းလည်းမခံတက်သလို ဘယ်သူနဲ့မှ စကားကောင်းကောင်းပြောဝာာ တောင် မမြင်ဖူးခဲ့ပါ။

စူးရှတွေဝေနေမိသည်။
သူမကို တွေ့တာမှ လက်ချိုးရေလို့ရသည်မဟုတ်လား။
ဘာလို့များ သူမအကြောင်း တပ်အပ်သိနေသူလို ထင်နေမိပါလိမ့်။

A letter to A boy who is not a boy(Completed)Where stories live. Discover now