Part 10(Unicode )

1.7K 160 4
                                    

သင်္ကြန်အကျနေ့ ။

မိုးမလင်းသေးဘူး မြူးမြူးကြွကြွ သင်္ကြန်သီချင်းသံများက စိတ်ကိုလန်းဆန်းစေသည်။
နှစ်ကူးမို့ လူတိုင်း ပျော်ကောင်းပျော်နေကြလိမ့်မည်။

ယုယလား။
ယုယလည်း ပျော်နေမည်ဟု ထင်ပါသည်။
သူမကိုယ်ကကိုက စိန်ပါလက်ပါ ရေကစားနေခဲ့ပြီမဟုတ်လား?

ဟုတ်ပါသည်။
မနေ့က ငွေပိုပေးတဲ့ လူတွေဆီ ယုယမသွားဖြစ်ခဲ့ပါ။
ယုသွားခဲ့မည်ဆိုလျှင် ဒီနေ့ ထွက်လာရကိန်းရှိမည်မထင်။
အရင်က သင်္ကြန်ကျတိုင်း ထိုကဲ့သို့ ငွေပိုပေးသော သူများနှင့် အချိန်သွားဖြုန်းပစ်လိုက်လေ့ရှိသည်။

ယခုတော့ အားလုံးက ပြောင်းလဲကုန်ပြီပဲ။
ထို့အပြင် ယုယသည်လည်း ပြောင်းလဲစပြုနေပြီကိုတော့ ယုယကိုယ်တိုင်တောင်သိပါလေစ။

"ယုယ ညီမလေး ယုယ အဆင်ပြေရဲ့လား"

မဏ္ဍပ်တွေအနှံ့ ရေပက်ခံထွက်ကြသော ယုယတို့သုံးယောက်သည်
ရေတံခွန်ကဲ့သို့ များပြားသော ရေပိုက်တွေ ကြား မြူးထူးပျော်ပါးဖြစ်ကြသည်။

သူတို့ကားပေါ်တွင် ယုယမသိသော လူအချို့ပါလာသေးသည်။
အတွေးလွန်ကာ အတောင့်လိုက်ကြီး ရပ်နေသော ယုယအား အွန်မ် က လှုတ်ယမ်း၍သတိပေးသော်လည်း မထူး။

"ယုယ "

ကားရှေ့တွင် လူအုပ်ကြီးက ရှိနေသည်မို့ အမြန်မောင်းထွက်သွားလို့လည်းမရ၊
ရေမွန်းနေဟန်တူသော ယုယသည် သတိလစ်စပြုနေပြီဖြစ်သည်။
အွန်မ်နှင့်အတူ စူးရှရော ကျန်တဲ့သူတွေပါ စိတ်ပူစပြုလာကြသော်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။

ထိုအချိန် စူးရှသည် တစ်ခုခုအား စတင်ပြုလုပ်ဟန်ပြင်သည်။

"မမမေ"

***

"ဟင် မမမေ နဲ့ တူလိုက်တာ "

လူတွေအများကြီးကို ရေပတ်နေရင်းမှ ကားတစ်စီးပေါ်တွင် အတောင့်လိုက်ကြီး ရပ်နေသော အနှီအမျိုးသမီးသည် မမမေနှင့် သိပ်ဆင်တူသည်။
သို့သော် မမမေသည် ဘယ်သောအခါမှ ရေကစားထွက်ခြင်းမရှိခြင်းကြောင့် ဖြိုးဝေ ဇဝေဇဝါ ဖြစ်နေသည်။

A letter to A boy who is not a boy(Completed)Where stories live. Discover now