2

764 78 5
                                    

Till the day;... 2

Zgy

"အာညီး ကျွန်တော်မခိုးပါဘူးဆို အာဂျူရှီး..
ရား ဟေ့ရောင် ပြောလိုက်လေ မင်းဆွဲကြိုး ငါခိုးတာ မဟုတ်ဘူးလို့
မင်းမမြင်ဘူးလား မင်းကန်းနေလို့ ငါခိုးတ
ယ်လို့ပြောတာလား "

"ဖတ် .."

"အ့
ဉီးလေးကြီး.."

ရဲဉီးလေးကြီးရဲ့ စာဖိုင်တစ်ထပ်နဲ့ ခေါင်းကို အရိုက်ခံလိုက်ရတာမို့ ခုနကန်ခံထားရတဲ့ ခေါင်းက မူးခနဲ။ ဘတ်ဟျွန်းကသာ ငြင်းနေပေမယ့် နေကာမျက်မှန်တောင် မချွတ်တဲ့ သကောင့်သားက အ*နေသလားထင်ရအောင် ဘာတစ်ခွန်းမှ မဟပေ။

"မင်းမခိုးဘူးဆို ဘာလို့ မင်းလက်ထဲကို ဆွဲကြိုးရောက်နေတာလဲ ဟမ်.."

ထိုစကားသည် ရဲဉီးလေးကြီးထံကမဟုတ် ။ ခုနကမှ ဘတ်ဟျွန်းကို ထိုးကြိတ်ကန်ကျောက်ထားတဲ့ အမာရွတ်နဲ့ လူဆီကဖြစ်သည်။ ဘတ်ဟျွန်းဒေါသတွေ ထွက်လွန်းလို့ အသားတွေတောင် တုန်ချင်လာသည်။ ရှင်းရင်းနဲ့ လည်နေကာ ညနေ ၃နာရီလောက်အထိ ရဲစခန်းက ဘတ်ဟျွန်းမထွက်ရသေး။

ညီမလေးရော။ စိုးရိမ်စိတ်ဟာ ငယ်ထိပ်ဆီတစ်ထစ်ထစ်ဆောငိ့နေသလိုပင်။ မျက်မှန်နဲ့ကောင်က ဘာတစ်ခွန်းမှ ဝင်မပြောပဲ ထိုင်မြဲတိုင်းထိုင်နေကာ အမာရွတ်နဲ့ လူကြီးကလဲ ကျေအေးပေးဖို့ စိတ်ကူးရှိဟန်မတူ။ လက်ထဲက အကြွေစေ့လေးတွေကို ဖြစ်ညစ်ဆုပ်ကိုင်လိုက်ပြီး ရဲစခန်းအပြင်ကို သူမျှော်ကြည့်မိတော့ မိုးဖွဲလေးတွေ တစ်စနှစ်စ စင်နေပြီ။ အာမခံပေးမယ့်လူဆိုတာမျိုးလည်း ဘတ်ဟျွန်းအတွက် စဉ်းစားမရသလို လျော်ကြေးဆိုရင် ပိုတောင်ဝေးသေး။ နောက်ဆုံး ဘတ်ဟျွန်း တစ်စုံတစ်ခုကို အသေအချာ ဆုံးဖြတ်ချက်ချလိုက်ကာ ထိုင်နေရာကနေ ထလိုက်သည်။ ထိုကောင်လေး တစ်နည်း ဆွဲကြိးပိုင်ရှင်ရှေ့ရောက်ရောက်ချင်းပဲ ဘတ်ဟျွန်းဟာ ဘယ်သူမှ မထင်မှတ်ထားတာကို ပြုလုပ်လိုက်လေသည်။

အံ့သြတဲ့ အာမေဋိတ်အသံတွေ ပျံ့နှံ့လာခဲ့ပေမယ့် ထိုအသံတွေထဲ ခပ်သြသြအသံတစ်ခုတော့ ပါမလာခဲ့ဘူး။

ဒူးနှစ်ဖက်ကို ကြမ်းပြင်ထိထောက်ချလိုက်ကာ ရွယ်တူကောင်လေးမျက်နှာဆီတည့်တည့်ကြည့်လို့ ဘတ်ဟျွန်းတောင်းပန်လိုက်သည်။ မျက်မှန်နက်တပ်ထားသူရဲ့ မျက်နှာအမူအရာကိုတော့ ဘတ်ဟျွန်းမမြင်ရပေမယ့် အနည်းငယ်လေးတောင် လှုပ်ရှားမှုမရှိသူကြောင့် နာကျင်မှုဟာ ရင်ဘတ်ထဲထိ ။ သိမ်ငယ်မှုဟာ နှလုံးသားထဲထိ။ ဆာလောင်နေတဲ့ဗိုက်ဟာ ဘယ်လိုသိက္ခာကိုမှ လက်ကိုင်မထားနိုင်သလို ဟောင်းလောင်းဖြစ်နေတဲ့ဗိုက်နဲ့လူဟာ ဘယ်လိုမာနလက်ကျန်ကိုမှ ဆုပ်ကိုင်ထားခွင့်မရှိဘူး။

Till The Day;...(completed)Where stories live. Discover now