16

307 42 6
                                    

Zgy

Till the day;.... 16

"ကိုကို ဘဲ့ဟာတို့ အိမ်ကိုသွားမှာလားဟင်.."

"အင်းပေါ့ ဘဲ့ဟာရဲ့..."

"အရင်တုန်းက အိမ်လားဟင်..."

"ဟင့်အင်း သိပ်ချစ်စရာကောင်းတဲ့ အိမ်အသစ်လေးဆီ သွားမှာ..."

ကြယ်ရောင်တောက်တဲ့ ဘဲ့ဟာ မျက်ဝန်းလေးတွေ အရောင်လက်သွားလေသည်။ တန်ပါတယ်။ ဘာပဲပြောပြော ဘဲ့ဟာပျော်သွားရင် တန်တယ်မဟုတ်လား။ 
ဝှီးချဲပေါ်တင်ရင်း ဆေးရုံဝင်းရဲ့အပြင်ဘက်ဆီ ဘတ်ဟျွန်းတို့ မောင်နှမထွက်လာခဲ့ကြတယ်။

တောင်ကိုးရီးယားရဲ့ ဆောင်းတွင်းဟာ မနက်ခင်း ၈ နာရီလောက်ရှိတာတောင် နှင်းမဆဲဘူး။ တဖွားဖွား လွင့်စင်လာတဲ့ အဖြူရောင် နှင်းမှုန်တွေကြားထဲမှာ လတ်ဆတ်တဲ့ လေကို တစ်ဝကြီး ခံစားရှူရှိုက်နိုင်တယ်။ ဒါပေမယ့် ဘဲ့ဟာရော ဘတ်ဟျွန်းရော ဆောင်းတွင်းကို မကြိုက်ဘူး။ အေးလွန်းတဲ့ ဒဏ်ကြောင့် အပေါ်စီးကမြင်နေရတဲ့ ဘဲ့ဟာ နှာဖျားလေးတွေဟာ ရဲရဲနီနေတယ်။ နားထိလုံအောင် ဆောင်းထားတဲ့ ဉီးထုပ်ပါပေမယ့် နှင်းပက်တဲ့ ဒဏ်ကြောင့် နွမ်းလျလျ ဘဲ့ဟာ မျက်နှာလေးဟာ အအေးဓာတ်ကြောင့် နီမြန်းနေဆဲ။

"အေးလား ကိုကို အင်္ကျီထပ်ဝတ်ပေးရမလား ဘဲ့ဟာ.."

"ဟင့်အင်း ရတယ် ကိုကို .."

ထီးမပါလာတာကြောင့် ဘတ်ဟျွန်း ပုခုံးပေါ်မှာရောဆံသားတွေပေါ်မှာပါ နှင်းစက်တွေ တင်ကျန်နေတယ်။ အေးလွန်းတဲ့ ဒဏ်ကြောင့် ဘတ်ဟျွန်း ခြေသလုံးတွေတောင် ကိုက်ချင်လာပေမယ့် ဒီလိုနေရာမှာ ကားငှါးဖို့ ခက်တာကို တွေးမိတော့ စိတ်ရှုပ်သွားရသေးတယ်။

အပြင်လောကနဲ့ အခုမှ ပြန်ထိတွေ့ရသလို ဖြစ်နေတာ ဘဲ့ဟာတင်မဟုတ်ပဲ ဘတ်ဟျွန်းရောပဲလို့ တွေးမိတော့ ဘတ်ဟျွန်းကိုယ့်ကိုကိုယ် အပြစ်တင်မိတော့တယ်။ ဒီကာလတွေအတွင်းမှာ ဘတ်ဟျွန်းဟာ ဖြစ်သလို နေထိုင်စားသောက်ခဲ့တာ တော်ရုံမှ မဟုတ်ပဲ။

Taxi ငှါးစီးတယ်ဆိုတာ ဘတ်ဟျွန်းအတွက်တော့ ဒီကြားထဲ ကြားဖူးနားဝစကားလိုပဲ။ ဘတ်စ်ကားစီးရင်စီးမယ် မဟုတ်ရင်တော့ ဘတ်ဟျွန်းအမြဲလို ပြေးလွှားနေခဲ့တာ။ ၁ ကျပ်ကစလို့ အကုန်မခံနိုငိစွာ တန်ဖိုးရှိလွန်းတဲ့ ဘတ်ဟျွန်းအတွက် ခြေထောက်တွေသာ အဓိက အားကိုးရာ ဖြစ်ခဲ့တာ။

Till The Day;...(completed)Where stories live. Discover now