6

593 57 5
                                    

Zgy

Till the day;...

စီးကရက်ကို ရင်ဝထိရောက်အောင် ရှိုက်လိုက်ပြီးမှ ဖြူလွန့်လွန့်စီးကရက်ငွေ့တွေကို ရှေ့တူရူဆီ ချန်းယောလ်မှုတ်ထုတ်လိုက်သည်။ ရင်ထဲမွန်းကြပ်မှုတွေကတော့ အငွေ့တွေ လွင့်ပါးပျောက်ကွယ်သွားရင်ကောင်းမည်။ နှင်းမှုန်တွေဟာ ပွင့်ဖတ်ကြွေတွေလို ဖွေးဖွေးဖြူလို့ ကြွေကျနေတယ်။ ဆောင်းတွင်းဟာ အအေးဓာတ်ပိုလွန်းတာကြောင့် ချန်းယောလ်မြင်မြင်ငမျှလူတွေဟာ ထူထဲတဲ့ ခေါင်းစွပ်အင်္ကျီတွေကို မျက်နှာအုပ်အောင်စောင်းလို့ အေးချမ်းမှုကို ပြေးလွှားလှုပ်ရှားရင်း အံတုနေကြတယ်။ ချန်းယောလ်ကတော့ စီးကရက်သောက်ရင်း ထိုကဲ့သို့သော နေ့စဉ်ဓူဝတွေကို ငေးရတာ ပုံမှန်လိုဖြစ်လာတယ်။

ချန်းယောလ် ကိုယ်ပေါ်မှာ အနက်ရောင် သိုးမွှေးအင်္ကျီထူထူဟာ ဒူးထိရောက်နေကာ နွေးနွေးထွေးထွေး။ ဆံပင်တွေကို နောက်လှန်သိမ်းထားတာမို့ သူ့ပုံစံဟာ လုကြီးဆန်ဆန်ရင့်ကျက်နေလိမ့်မည်။ အမည်ဖော်မရအောင် မှိုင်းညို့နေတဲ့ ရေညှိရောင် မျက်ဝန်းတွေဟာ ကျနေတဲ့နှင်းစက်တွေနဲ့အပြိုင် အေးစက်နေတယ်။ ဒါပေမယ့် ထိုအရာကတော့ မျက်မှန်နက်တွေအောက်မှာမို့ ဘယ်သူမှ မမြင်လိုက်ရဘူး။  ဂျင်းဘောင်းဘီဝတ်ထားတဲ့ ခါးအောက်ပိုင်းဟာ သာမန်ထက် ပိုပြီးခဲကျည်နေပေမယ့် သူထိုင်နေရာကနေ မထဖြစ်သေးဘူး ။ အချိန်အတော်ကြာထိုင်နေပြီးမှ ချန်းယောလ်ထဖြစ်ချိန်မှာ စီးကရက်ပြာမှုန်တွေဟာ သူစီးထားတဲ့ ဖိနပ်ခြေဉီးထိပ်နားမှာ အပုံလိုက်တောင်ရှိနေပြီ။ ခြေဉီးထိပ်လေး အနည်းငယ်လှုပ်လို့ ခါထုတ်လိုက်ပြီး လမ်းဟိုဘက်မှာရပ်ထားခဲ့တဲ့ တန်ဖိုးမြင့်ဆိုင်ကယ်ဆီ သူဉီးတည်လိုက်သည်။ ဆိုင်ကယ်စီးအုပ်ထုပ်ကို သေချာဆောင်းပြီးမှ လက်ကိုင်ပေါ်တင်ထားခဲ့တဲ့ သားရေလက်အိတ်ကို စိတ်ရှည်လက်ရှည်ဝတ်နေသေးသည်။

ပြီးနောက် မကြာလိုက်ခင်အချိန်မှာပဲ လီဗာသံ တဗျင်းဗျင်းဟာ တမင်လုပ်ဆွဲသံနဲ့ အေးစက်စက်ပတ်ဝန်းကျင်မှာ မလိုက်ဖက်စွာ ဆူညံညံထွက်ပေါ်လာတော့သည်။ လီဗာသံနဲ့အတူ မောင်းထွက်သွားတဲ့ ဆိုင်ကယ်ရဲ့အရှိန်ဟာ မြေပြင်က နှင်းခဲတွေတောင် လွင့်စင်သွားတဲ့အထိ ဝူးခနဲ။ ဆိုလ်းမြို့ရဲ့ လူရှုပ်တဲ့ လမ်းပေါ်မှာ ဆိုင်ကယ်တစ်စီးဟာ သာမာန်ထက်မြန်လွန်းတဲ့ အရှိန်နဲ့ ကားတန်းတွေကို ကပ်သီလေးကျော်ဖြတ်တက်သွားတယ်။ ချန်းယောလ်ရဲ့ ဆိုင်ကယ်ဖြတ်သန်းသွားရာလမ်းတစ်လျှောက်မှာတော့ အော်ဟစ် ကြိမ်းမောင်းသံတွေ ပျံ့လွင့်ကျန်ရစ်တယ်။ Helmet အောက်က နှုတ်ခမ်းထူထူတွေဟာ မဲ့ပြုံးတွေနဲ့ ပြည့်နက်နေခဲ့တယ်။

Till The Day;...(completed)Where stories live. Discover now