17

299 43 2
                                    

Zgy

Till the day; ...17

"ဒီကိစ္စကို ဘယ်လိုလုပ်ပေးမှာလဲ ချယ်ရောင်း ငါက နင့်ကိုယုံကြည်လို့ အပ်ထားတာလေ.."

"အစ်မ.."

"အလုပ်နဲ့ပတ်သတ်ပြီး ညီအစ်မဆိုတာမရှိဘူးလို့ ငါပြောထားတယ်မလား.."

"ဒါပေမယ့် ဒါက ဘယ်သူမှ ကြိုမသိနိုင်တဲ့ ကိစ္စလေ..
ဘတ်ဟျွန်း အဲ့ကလေးက တကယ်တော်တဲ့ကလေး
အစ်မသာ အချိန်နည်းနည်းထပ်ပေးရင် သူသေချာပေါက် ပြန်ဖော်စပ်ပေးနိုင်မှာပါ.."

"ဟက်
အဲ့ဒီကလေးက ဘာပြောတယ်ထင်လဲ ချယ်ယောင်း
အနည်းဆုံး ၆လ ၁ နှစ်စောင့်ရဉီးမှာတဲ့..
ငါ့မှာ အချိန်အဲ့လောက်မရှိတာ နင်သိတယ်မလား.."

စဉ်းစားရကြပ်သွားသလို
ခေါင်းတွေ ရှုပ်သွားသလို ငြိမ်သွားတဲ့ ညီမဖြစ်သူကို ကြည့်ရင်း ပတ်ဆိုယောင်း ခေါင်းခါရမ်းလိုက်မိသည်။
ဘယ်သောအခါမှ စိတ်ချရတယ်မရှိခဲ့ပဲ ဘာလို့များ ယုံကြည်လိုက်မိလဲ ကိုယ်တိုင်ပင်မသိတော့။

"ဒါဆို ဘယ်လိုဆက်လုပ်မှာလဲ "

"ငါ့လွှဲပေးထားတဲ့ ငွေတစ်ဝက် ၁ ပတ်အတွင်းလိုချင်တယ်ပြောလိုက်"

"အစ်မ ဘတ်ဟျွန်းက ..."

"ဘယ်သူ့အကြောင်းမှ မသိချင်ဘူး
ငါပြောတဲ့အတိုင်းပြောလိုက်
တစ်ပတ်အတွင်း ငွေရရင်ရ မရရင် ဆေးပေးလို့
မဟုတ်ရင်တော့ ငါ့အဆိုးမဆိုနဲ့..
ချယ်ယောင်း နင်လဲ လူတိုင်းကို စိတ်ဝင်စားမနေနဲ့ ကိုယ့်ဘဝကိုပဲကြည့်
ဘယ်သူ့ကိုပဲ စာနာစာနာ နောက်ဆုံးကျရင် နောက်ကျောဓားနဲ့ ထိုးခံရတာပဲ
နားလည်လား.."

ချယ်ယောင်း အစ်မဖြစ်သူကို နားလည်သည်။ ဒါကြောင့် ဒီလိုမောက်မာခက်ထန်နေတာတောင် သူပစ်မထားရက်ခဲ့တာ။ အစ်မကို ဒီလိုပုံစံဖြစ်အောင် ကြံကမ္မာက ရက်စက်လိုက်တာ။ အနည်းဆုံးတော့ နောက်ဆုံးဆန္ဒလေးကိုဖြစ်ဖြစ် ချယ်ယောင်း ဖြည့်စည်းပေးချင်ခဲ့တာ။
ဘယ်လိုကိစ္စပင်ဖြစ်စေ
ဘယ်လို မကောင်းမှုပဲ ကျူးလွန်လွန်
အစ်မအတွက်တော့ အဲ့လို တုံ့ပြန်တာတောင် နည်းသေးတယ်လို့ ထင်မိတဲ့အထိ။

Till The Day;...(completed)Where stories live. Discover now