36

329 38 2
                                    

Zgy

Till the day;....36

သူတို့ကြားမှာ တစ်ယောက်ကိုတစ်ယောက် ချုပ်ကိုင်လိုခြင်းတွေကင်းရှငိးတယ်။ ချန်းယောလ်က ဘတ်ဟျွန်းရဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို နားလည်လက်ခံပေးပြီး ဘတ်ဟျွန်းကလဲ ချုပ်နှောင်ခြင်းကင်းစွာ ချစ်ခြင်းကို ကိုးကွယ်တယ်။

ဒီလိုနဲ့ ဘတ်ဟျွန်းဆီရောက်လာတဲ့ လေယာဉ်လက်မှတ်တစ်စောင်ရယ်။ စောင့်ရှောက်ရမယ့် အရာတွေရယ်။ ဘတ်ဟျွန်း ကာကွယ်ရမယ့် အရာတွေအတွက် ဘတ်ဟျွန်းက သေချာတဲ့ လမ်းကိုရွေးတယ်။ အန္တာရယ်ဆိုတာ ရှောင်ပြေးဖို့မဟုတ်ဘူး။ ရင်ဆိုင်ဖို့။ ဘယ်လိုအရာတြွေဖစ်ပါစေ ဘတ်ဟျွန်းက ရင်ဆိုင်ပြီးရင် ကတိတွေအတိုင်း ဒီမြေကို ပြန်လာမှာ။

တစ်ကိုယ်ရည် အဝတ်အစားအနည်းငယ်ရယ် လိုအပ်တဲ့ တိုတိုထွာထွာ အနည်းငယ်သာပါတဲ့ ကျောပိုးအိတ်လေးကို ကုတင်စွန်းမှာ တင်ရင်း ဘဲ့ဟာအခန်းထဲကို ဝင်လာချိန် ဘဲ့ဟာက သူပြောပြနေကြ ပုံပြင်စာအုပ်လေးကိုင်လျှက် အိပ်ပျော်နေပြီ။ စာအုပ်လေးကို ဘေးကစားပွဲလေးပေါ် ပိတ်တင်ပေးရင်း နဖူးစပ်ပေါ်ဝဲကျနေတဲ့ ဘဲ့ဟာ ဆံနွယ်စလေးတွေကို ဖွဖွ သပ်တင်ပေးမိသည်။ ဒီညီမလေးကိုတော့ဖြင့် အေးမြရိပ်မှာ ထာဝရ ငြိမ်းချမ်းစေချင်တယ်။ ဒါဟာ ဘတ်ဟျွန်းရဲ့ အတ္တရောင် ပါးပါး ဖြစ်တယ်။

လူးလူးလွန်လွန့်ဖြစ်လာတဲ့ ဘဲ့ဟာကို ကျောကိုဖွဖွသပ်ပြီး ပြန်ချော့သိပ်ပေမယ့် အိပ်ပုပ်လေးက မျက်လုံးလေး ပွတ်ချေပြီး နိုးလာတယ်။

"ကိုကို...
မအိပ်သေးဘူးလား ..."

"အင်း ဘဲ့ဟာလေးကို လွမ်းလို့...."

"ဘဲ့ဟာနဲ့ နေ့တိုင်းအတူရှိနေတာပဲကို .."

အိပ်ချင်မူးတူးလေးနဲ့ ကျုံးထလာကာ နားမလည်သလိုလေး ဘတ်ဟျွန်းကို ကြည့်တယ်။ ဟုတ်ပါရဲ့။ အခုလို မြင်နေရဲ့သားနဲ့ကို လွမ်းနေရတာ ဟိုရောက်လို့ရင် ဘတ်ဟျွန်း ဘယ်လိုလုပ်ရပါ့မလဲ။

"ဟုတ်ပါရဲ့....
ကိုကို ဘယ်လိုလုပ်ရမလဲ ဘဲ့ဟာ..."

"အင်းးးးးး
ဒါဆို ကိုကိုက ဘဲ့ဟာကို အခုထက်ပိုပြီး နီးနီးကပ်ကပ်နေပေါ့..
ဒါဆို မလွမ်းတော့ဘူး..."

Till The Day;...(completed)Where stories live. Discover now