28

281 32 1
                                    

Zgy

Till the day;....28

ကျွန်မတို့တွေ ဘဝမှာ နာကျင်မှုအဆင့် ဘယ်နှဆင့်လောက်ရှိနိုင်ပါသလဲ။

သံကြိုးတွေနဲ့တုပ်နှောင်ခံထားရတဲ့ သခင်ကြီးဟာ အသိစိတ်ကင်းမဲ့နေတယ်။ တစ်ခုခုကို အသည်းအသန် ဖျက်ဆီးတော့မလို မျက်ဝန်းတွေက အနီရောင် သန်းနေတယ်။ ကြောင်စီစီမျက်ဝန်းအိမ်တွေရယ် ဖွာလန်ကျဲနေတဲ့ မှုတ်ဆိပ်မွှေးတွေရယ် ပြီးတော့ ရှည်လျားဆုတ်ဖွာနေတဲ့ ဆံသားခြောက်ခြောက်တို့ရယ်။ အညိုရောင် မျက်ဆံတွေက ဆွေးရိပ်သမ်းသွားလိုက် သွေးရိပ်လွှမ်းလာလိုက်။ ​ကြောက်မက်ဖွယ် ဖြစ်နေတဲ့ တစ်ပြိုင်နက်တည်းမှာပဲ သနားစရာပုံစံမျိုး ဖြစ်နေပြန်သေးတယ်။

တဂျိမ်းဂျိန်း ရုန်းကန်နေတဲ့ သံကြိုးခတ်သံက နာကျင်ကြောက်ရွံ့ဖွယ်အတိ။ တဝူးတဝါးဝါးအော်သံတွေက တစ်စုံတစ်ခုကို အတိအလင်းကြေငြာနေသယောင်။ ကြောက်လန့်တကြား ယောင်ယမ်းနောက်ဆုတ်မိတဲ့အခါ တိုက်ချလိုက်မိတာ စားပွဲတင်ပန်းအိုးလေး။ ကြမ်းပြင်မှာ ပျံ့ကျဲကျသွားတာ အနီရောင် နှင်းဆီပန်းတွေ။

"သွား ...ထွက်သွား ....
ထွက်သွားစမ်း...
ထွက်သွားကြ..."

ဟိန်းထွက်လာတဲ့ အော်သံအဆုံးမှာတော့ သခင်မက ပြေးလွှားရောက်လာကာ ပုလင်းကြီးချိတ်ထားတဲ့  ဆေးပိုက်ဘူးထဲကို  ဆေးတစ်ချောင်းထိုးသွင်းလိုက်တယ်။ ခနအကြာမှာပဲ ငြိမ်သက်မှုနဲ့အတူ သခင်ကြီးက အသက်ရှူသံမှန်မှန်နဲ့ အိပ်မောကျသွားတော့တယ်။

အောက်ထပ်ရဲ့ ဆိုဖာမှာ သခင်မက ပန်းပွင့်နီနီတွေကို အလှဆင်ကာ ထိုးနေတယ်။ နိုရာက ဘာပြောရမှန်းမသိစွာ ဆိုဖာမှာ ကျုံ့ကျုံ့လေးထိုင်ရင်း အသံတိတ်ကြည့်နေမိတယ်။ တကယ်ဆို ဒီလိုအဖြစ်ဆိုးမျိုးကို သခင်မက ဘယ်လောက်ထိ တစ်ယောက်တည်း ခံစားနေရလောက်မလဲ။ သခင်ကြီးရဲ့ ဆိုးရွားတဲ့ အခြေအနေကို အမြဲမြင်နေရတာ သခင်မအတွက်တော့ မီးစလို ပူလောင်နေမှာပါ။ ဘယ်လောက် မာကျောတယ်ဆိုဆို အဲ့ဒီမျက်နှာဖုံးစလေးရဲ့အောက်မှာ သခင်ကြီးအပေါ်ထားတဲ့ မေတ္တာရဲ့အရောင်ဟာ လက်လက်ထနေသေးတယ် မဟုတ်လား။
အခုနိုရာ့ကို အဲ့ဒီအခန်းဆီပြတာလဲ အသိစိတ်လေးနည်းနည်းလောက် ဝင်လာမလားဆိုတဲ့ မျှော်လင့်ချက် ရေးရေးလေးနဲ့ နေမှာပါ။ သခင်မလောက် သခင်ကြီးကို ချစ်နိုင်တဲ့သူ ဒီလေါကမှာ တကယ်ကို မရှိနိုင်လောက်ပေ။

Till The Day;...(completed)Where stories live. Discover now