Zgy
Till the day;....23
"ဒါဆို ကျွန်တော်တို့ ထပ်မတွေ့ကြရအောင် အဒေါ်ကြီး.."
လှည့်ထွက်ခဲ့တဲ့ ဘတ်ဟျွန်းခြေလှမ်းတွေမှာ ငြိတွယ်ခြင်းတစ်စုံတစ်ရာမပါ။ နှောင်ဖွဲ့ခြင်း တစ်စိုးတစ်စိတောင်မရှိ။ အပျံသင်စငှက်ကလေးလို ဒီအသိုက်အဝန်းကနေ အဆုံးတိုင် ပျံသွားတော့မယ့် သေချာခြင်း ပြတ်သားခြင်းတွေနဲ့။ လွတ်လပ်သောခြေလှမ်းတွေနဲ့ ဘတ်ဟျွန်းဟာ ဒီအိမ်တော်ကို နောက်ထပ်တစ်ခေါက်လောက်ပင် လှည့်မကြည့်ခဲ့တော့။ သူဟာ နောက်ထပ် ဒီလိုကိစ္စမျိုးနဲ့ ဒီအိမ်တော်ကို ဘယ်သောအခါမှ မလာချင်တော့။
ဘတ်ဟျွန်းက အိမ်ရောက်တာနဲ့ ဒီဆေးနဲ့ ပတ်သတ်တာတွေ ဖျက်ပစ်လိုက်တော့မယ်။ တော်ပြီပေါ့ ။ လူတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးဖို့ အလိုတူအလိုပါ ကြံခဲ့ရင် တော်ရောပေါ့။ နောင် ဘယ်သောအခါမှ သူထပ်လုပ်ဖြစ်မည် မဟုတ်တော့။
စိတ်၏လွတ်လပ်ခြင်းဆိုတဲ့ အခိုက်အတန့်ဟာ ကြည်နူးမှုကိုဖြစ်ပေါ်စေသည်။ နွေဉီးရဲ့ လမ်းမပေါ်မှာ ဘတ်ဟျွန်းဟာ ပူပင်ခြင်းကင်းစွာ ဖြတ်လျှောက်လာတယ်။ ချယ်ရီတြွေဖန့်ကျက်တဲ့ လမ်းမပေါ်မှာ ဆွယ်တာပါးလေးနဲ့ ဘတ်ဟျွန်းဟာ လမင်းရဲ့ အေးမြတဲ့အသွင်နဲ့ ဖြတ်သန်းသွားလာနေတယ်။
တနေရာရာကနေ စောင့်ကြည့်ခံနေရတယ်ဆိုရင် ဆဠမအာရုံအရ သိနိုင်တာဟာ လူ့သဘာဝပင်။ အခုလဲ ဘတ်ဟျွန်းဟာ စောင့်ကြည့်ခံရသူလို နောက်ကျောမလုံတာကြောင့် ပတ်ဝန်းကျင်ကို ရှာဖွေမိသည်။ တစ်စုံတစ်ခုသော ဝတ်စုံနက်ဟာ ခပ်လှမ်းလှမ်းသစ်ပင်ရဲ့နောက်ကို လျိုတိုးပျောက်ကွယ်သွားသလိုပင်။ ဘတ်ဟျွန်းပဲ စိတ်ထင်မိလို့လား။ ထိုအတွေးက ကြာရှည်မခံပါဘူး။ ဘာလို့ဆို ဘတ်ဟျွန်းဘေးဆီ ကားတစ်စီးဟာ ကပ်ရပ်လာတာကြောင့်ပင်။
"ချန်းယောလ်လီ..."
"တက် ..."
"အင်းး"
ဘတ်ဟျွန်းဝင်ထိုက်လိုက်တာနဲ့ ငြိမ့်ခနဲထွက်သွားတဲ့ ကားလေးထဲမှာ အလုံးစုံသော အသံလှိုင်းတွေဟာ ပျောက်ဆုံးနေတယ်။ ချန်းယောလ်ဟာ သိပ်ကို စကားနည်းလွန်းတယ်။ ရေဒီယိုဆီ ဘတ်ဟျွန်ူလက်လှမ်းတော့ တစ်ချက်ကလေးငဲ့ကြည့်ရုံသာ ကြည့်ပြီး ချန်းယောလ်က တစ်လုံးတစ်ပါဒမှ စကားမဆို။ ကပ်စေနည်းလေး။
YOU ARE READING
Till The Day;...(completed)
Fanfictionကိုယ်စောင့်နေမှာပေါ့ မင်းမျက်ဝန်းက တိမ်စိုင်တွေ ငွေ့ရည်ဖွဲ့ဖို့ မင်းနှလုံးသားက ဒဏ်ရါတွေ နွေးထွေးစေဖို့ မင်းလက်ဖဝါးလေး အေးစက်မနေစေဖို့ သံသရာဆုံးရင်တောင် မင်းက ပြန်လာမယ်ဆိုရင် ကိုယ်ကရပ်စောင့်နေမှာပေါ့... အဲ့ဒီနေ့အထိပေါ့....