9

396 49 5
                                    

Zgy

Till the day ;.... 9

မနက်ခင်းတစ်ခုရဲ့ ထမင်းဝိုင်းလေးတစ်ခုဘေးမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ဘတ်ဟျွန်းရယ် တံခါးဝနားကနေ ပေစောင်းစောင်းကြည့်နေတဲ့ အရပ်ရှည်ရှည်နဲ့သူရယ် စကားတွေရေပက်မဝင်အောင်ပြောရင်း ဘတ်ဟျွန်းရှေ့က ထမငိးပန်းကန်လုံးလေးထဲ ဟင်းတွေ တစ်မျိုးပြီးတစ်မျိုးထည့်ပေးနေတဲ့ အဖြူရောင်အမျိုးသမီးကြီးရယ်။

တို့နှံ့နှံ့ယူစားနေပေမယ့် ကိုယ့်ကိုပဲ မျက်ထောင့်နီကြီးနဲ့ ပြူးကြည့်နေတဲ့သူကြောင့် ထမင်းကစားနေရပေမယ့် နောက်ကျောမလုံသလို ဖြစ်နေရသည်။ အဲ့လိုဆိုပြီး မစားလို့လဲ မဖြစ်။ ဘတ်ဟျွန်းရှေ့ကအမျိုးသမီးက ကရုတစိုက်နဲ့ကို စောင့်ပြီး စားခိုင်းနေတာဖြစ်သည်။

"ယောလ်လီလေး စားလေ
ဘာလို့လဲ အမေချက်ထားတာ အရသာမရှိလို့လား
သားငယ်ငယ်က ကြက်ရင်အုံကြိုက်တယ်မလား.."

စသဖြင့် အရိပ်တကြည့်ကြည့်နဲ့ ဘတ်ဟျွန်းကော်လိုက်တဲ့ ထမငိးဇွန်းပေါ် ဟင်းတွေကို တူလေးနဲ့ညှပ်လို့ တင်ပေးနေတာဖြစ်သည်။

ဘတ်ဟျွန်းကတော့ ဒီလိုကရုစိုက်မှုမျိုး မရတာ အချိန်အတော်ကိုကြာပြီဖြစ်သလို ထမင်းကို ထမင်းနဲ့တူအောင် မစားဖြစ်တာလဲ ကြာပြီဖြစ်တာကြောင့် ခံစားချက်က အနည်းငယ်ထူးဆန်းနေသည်။ ရင်ဘတ်ထဲတင်းကျပ်နေတာက ဘာကြောင့်မှန်းမသိသလို ကျိမ်းစပ်စပ်ဖြစ်နေတဲ့ မျက်ခန်းစပ်တွေရဲ့ အကြောင်းအရင်းကိုလဲ မသိဘူး။ လည်ချောင်းတစ်လျောက် ချောက်ကပ်ကပ်ဖြစ်လာတာက ခံစားရခက်လွန်းနေတာတော့ သေချာသည်။ ဒါကြောင့် သူဟင်းရည်ပူပူကိုကြီး ခဏခဏ ယူသောက်နေမိတော့တာ။
ဘတ်ဟျွန်းက ခံစားချက်တွေနဲ့တောင် အသားမကျလောက်အောင် လောကကြီးနဲ့ အဆကိအသွယ်ပျက်နေခဲ့တာမှန်း အခုမှ ပိုသဘောပေါက်လာသလိုပဲ။

"အမေ့
ကျွန်တော်ကကျတော့ရော
ဘာစားရမှာလဲ.."

တံခါးဝကနေ ပေစောင်းစောင်းကြည့်ရငိး ဘတ်ဟျွန်းရှေ့က အမျိုးသမီးကို သူက ဆူပုတ်ပုတ်လှမ်းမေးတယ်။

"နင့်ဟာနင် စားချင်တာစားပေါ့
ဒါတွေကိုတော့ မျက်စောင်းတောင် မထိုးနဲ့.
ဒါတွေက ငါ့သား ယောလ်လီလေးအတွက်ပဲ .."

Till The Day;...(completed)Where stories live. Discover now