22

290 27 3
                                    

Zgy

Till the day;....22

ရာသီစက်ဝန်းတွေဟာ ရပ်တန့်နေကြတာမဟုတ်တာကြောင့် တရွေ့ရွေ့ကုန်ဆုံးနေကြတယ်။ နှင်းတွေဖြိုင်ဖြိုင် ကျဆင်းနေတဲ့ ရာသီကနေ ပန်းတွေဝေနေတဲ့ ရာသီဆီကူးပြောင်းလာတယ်။ အေးခဲနေတဲ့ ညပိုင်းတွေကနေ နွေးစပြုတဲ့နေ့ခင်းတွေ အစားဝင်လာတယ်။ နွေဉီးဟာ ပန်းလိပ်ပြာလေးလို ချည်းကပ်လာတယ်။

ဘတ်ဟျွန်းရဲ့အခန်းပြတင်းကနေ မြင်နေရတဲ့ မက်မွန်ပင်ကြီးမှာ ပွင့်ဖတ်လွှာတွေ မြေပြင်ဆီခုန်ဆင်းနေကြတယ်။ အပင်ပေါ်မှာ တင့်တယ်မှ လှတာမဟုတ်ပါဘူး ကြွေကျရဲတာလဲ လှပခြင်းပါလို့ ဟစ်ကြွေးနေသလို မြေပြင်ဟာ ပွင့်ဖတ်လွှာတွေလွှမ်းခြုံနေတယ်။ ပန်းနုရောင် ဇာပုဝါတစ်ထည်ဖြန့်ခင်းထားသလို မြေပြင်မှာ နွေဉီးရဲ့ လေနုအေးဟာကျီစယ်သွားပြန်တော့ ဘယ်နေရာကြည့်ကြည့် လွမ်းမောချင်စရာ။ ပန်းပွင့်တွေဟာ တကယ်ကို  အေးချမ်းလိုက်တာ။

"ဘတ်ဟျွန်းနီး မြန်မြန်လာတော့..."

မေမေ့အသံလွင်လွင်လေး ပျံ့လွင့်လာမှ ဘတ်ဟျွန်းငေးနေခြင်းကို အရှိန်သတ်ကာ မှန်ကို တစ်ချက်ကျကျနနကြည့်ရင်း ပြုံးမိတယ်။ ဘယ်သူထင်မှာလဲ။ ဘတ်ဟျွန်းကလည်း ဒီလိုနေ့မျိုးရောက်လာဉီးမယ်လို့။
သြော်မေ့လို့...
မေမေဆိုတာ အန်တီ့ကိုခေါ်တာပါ။
အန်တီက အန်တီလို့ခေါ်တာမကြိုက်ကြောင်း ကြေငြာထားတာကြောင့် ဘတ်ဟျွန်းရော ဘဲ့ဟာပါ အစတုန်းက တော်တော်ခက်ခဲခဲ့သေးတာ။
မေမေလို့ မခေါ်ခဲ့တာ ဆယ်စုနှစ်တစ်ခုစာတောင် မကတော့တာမို့ အဲ့ဒီတုန်းက တော်တော်လေး လေ့ကျင့်ယူခဲ့ရသေးတာ။

ဘတ်ဟျွန်းက အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားကာ ဆံပင်တွေကို အပေါ်လှန်တင်ထားတာကြောင့် ရင့်ကျက်တဲ့အမျိုးသားအသွင်ကိုဆောင်နေတယ်။ မေမေက အဖြူရောင်ဂါဝန်လေးကို ဆွယ်တာပါးလေးထပ်ဝတ်ထားကာ လက်တစ်ဖက်ကလဲ ထမင်းချိုင့်လေးကိုင်ထားတယ်။ ပြီးတော့ ဘဲ့ဟာ...
သိပ်ကို စိတ်လှုပ်ရှားနေတဲ့ပုံလေးနဲ့ ဘဲ့ဟာက ကျောင်းဝတ်စုံလှလှလေးအောက်မှာ ခုန်ဆွခုန်ဆွနဲ့ ။ ကျစ်ဆံမြီးလေးတွေ ညီနေအောင် ကျစ်ပြီးချထားတဲ့ ဆံနွယ်တွေက အခုဆို ပုခုံးကျော်နေပြီ။

Till The Day;...(completed)Where stories live. Discover now