30

316 32 0
                                    

Zgy

Till the day;...30

ချန်းယောလ်က ဘတ်ဟျွန်းကို သူ့ကိုမှီခိုစေချင်တယ်။ အားကိုးစေချင်တယ်။ ဒါပေမယ့် ဘတ်ဟျွန်းက ကိုယ့်အားကိုယ်ကိုးတယ်။ သူတို့နှစ်ယောက်က အဲ့လိုကို ကန်လန့်ဖြစ်နေတော့တာ။ အခုလဲကြည့် ​ကျောက်ကဏန်းတွေကို ဘတ်ဟျွန်းကို အခွံနွှာပေးချင်လို့ ချန်းယောလ်က မှာလိုက်တာပေမယ့် ဟင်းပွဲချတည်းက ဘတ်ဟျွန်းကပဲ ချန်းယောလ်အတွက် နွှာပေးနေတော့တာ။

"ဘတ်ဟျွန်းနီး ကိုယ်ခွါပေးပါမယ်ဆိုကွာ.."

"ဘယ်သူခွါခွါ ဘာအရေးကြီးလို့လဲ ချန်းယောလ်ရာ..
အခုငါနွှာလက်စကို မင်းဒီအတိုင်းပဲ စားတော့.."

ကြည့်။ ဘတ်ဟျွန်းက အဲ့လိုပါဆို။ ဗိုက်ဆာနေတာချင်းတူရင်တောင် ဘတ်ဟျွန်းက သူကပဲ ပိုအနစ်နာခံချင်တာမျိုး။ ဒီလိုမျိုးတွေကို ချန်းယောလ်က မကြိုက်ပေ။ သူက ဘတ်ဟျွန်းကို ကလေးလေးလို အလိုက်လိုက် အကြိုက်ဆောင်ချင်တာ ဖြစ်တယ်။ အခုက ဘတ်ဟျွန်းကပြန်ပြီး သူ့ကို အလိုလိုက်နေသလို ဖြစ်နေတာ မဟုတ်လား။ ဒါကြောင့် ချန်းယောလ်က ကိုင်ထားတဲ့ ဇွန်းခရင်းကို ဘေးမှာ သေချာလေးချပြီး ဘတ်ဟျွန်း သူ့ကို ကြည့်လာတဲ့အထိ သေချာလေးစောင့်ပြီးမှ...

"ဘာလို့ မစားတော့တာလဲ..ချန်းယောလ်လီ ...စားလေ ဗိုက်ဆာနေတာဆို ..."

"မင်းနဲ့မှ အတူတူစားမယ်
ဘတ်ဟျွန်းနီးက အခွံနွှာနေဉီးမှာဆို ကိုယ်လဲ အတူတူ အခွံနွှာပေးမယ်.."

ဘတ်ဟျွန်းက မနိုင်ဘူးဆိုတဲ့ ပုံစံလေး ခေါင်းကို အသာယမ်းကာ ပြုံးနေတယ်။ အဲ့တော့ ချန်းယောလ်ကလဲ လက်အိတ်တွေစွတ်ရင်း ကျောက်ကဏန်းတွေကို ကုန်အောင် အခွံစနွှာတော့တာပဲ။ ဘယ်လောက်ရူးလဲဆိုရင် ချန်းယောလ်က ဘတ်ဟျွန်းကိုဆို အဲ့လိုကို ရူးပါတယ်။

စားသောက်ပြီး အပြင်ကို ပြန်ထွက်လာတော့ ချန်းယောလ်က ဘတ်ဟျွန်းလက်ဖဝါးလေးကို ဆွဲယူတယ်။ အဲ့တာကိုပဲ ဘတ်ဟျွန်းက ခြေစုံရပ်ပြီး နားမလည်သလိုမျိုး ဒီလို မေးပါတယ်။

"ချန်းယောလ်လီ ...
ကားကရော..."

"မပါဘူးလေ.."

"ဟင် ဘာလို့လဲ ငါ့ကို လာကြိုတာဆို
ကားနဲ့မလာပဲ ဘာနဲ့လာတာလဲ .."

Till The Day;...(completed)حيث تعيش القصص. اكتشف الآن