Zgy
Till the day;... 8
အတွေးစတို့ပျံ့ကျဲနေတဲ့ ဆေးရုံခန်းလေးထဲမှာ ဘတ်ဟျွန်းထိုညက ဘဲ့ဟာနဲ့ စကားတွေ အများကြီးပြောဖြစ်တယ်။ မရေရာတဲ့ ဆုံးဖြတ်ချက်များအတွက် ညဟာရှည်လျားလွန်းတယ်။
လေးလံတဲ့ခြေလှမ်းတွေနဲ့ မြို့ပြင်သွားရာလမ်းတစ်လျှောက်ဟာ နှင်းမှုန်တွေနဲ့ မှုန်ဝါးနေတယ်။ ဟူဒီထဲမြုပ်နေတဲ့ ခန္ဓာကိုယ်လေးဟာ ဒီနေ့မှ ပိုအေးနေသလိုပင်။ မိုးလေဝသသတင်းအရ ဒီနေ့နှင်းကျမှုဟာ တော်တော်နဲ့ ရပ်ဆဲလိမ့်မည်မဟုတ်။ လွယ်ထားတဲ့ ဘေးလွယ်အိတ်လေးကို ပုခုံးပေါ် သေချာထပ်တင်လိုက်ရင်း လူရှင်းတဲ့ မနက်ခင်းအစောပိုင်းလမ်းမထက်မှာ ဘတ်ဟျွန်းကတော့ ပတ်ဝန်းကျင်ကိုလိုက်ပြီ အေးအေးမနေနိုင်ဘူး။
ဘတ်စ်မှတ်တိုင်တစ်ခုကနေ မြို့ပြင်နဲ့အနီးဆုံး ကားပေါ်တက်ရင် အခုချိန် ဘတ်ဟျွန်းမရောရသေးဘူး။ ဆေးဖော်စပ်တာက သူ့အတွက်ခက်ခဲတဲ့ ကိစ္စမဟုတ်ပေမယ့် ထိုဆေးရဲ့ သက်ရောက်မှုကတော့ အနည်းအများဆိုသလို ပြင်းထန်နိုင်တာမို့ ဘတ်ဟျွန်းဝေခွဲရခက်နေသည်။
အမြင်အာရုံတွေ ပိတ်ကျနေပေမယ့် နားထဲမှာတော့ သူဋ္ဌေးဆိုတဲ့ အမျိုးသမီးရဲ့ စကားတွေသာ တဝဲလည်လည်။ နောက်ဆုံး ဆုံးဖြတ်ချကိတစ်ခုကို လုံးဝဥသုာန်ချလိုက်ပြီး မျက်စိတွေ ပြန်ဖွင့်ရင် ရေရွတ်လိုက်သည်။
"ဟုတ်တယ် ငါမလုပ်လဲ သူများလုပ်မှာပဲ
မဟုတ်လဲ အခုငါဖော်စပ်နေတဲ့ ဆေးတွေကလဲ ခွင့်ပြုချက်ရတဲ့ ဆေးဝါးတွေမှ မဟုတ်တာ
မကောင်းတာချင်းအတူတူ
လူတစ်ယောက်ရဲ့ ဘဝကိုပဲ ဖျက်ဆီးပြီး ကောင်းကောင်းမွန်မွန်နေလိုက်လို့ရတာပဲ
ဟုတ်တယ်
ဘတ်ဟျွန်း တော်တယ်။
ဘာမှ မဖြစ်ဘူး
ဒီတစ်ခါနောက်ဆုံးမို့ နောက်ထပ်
ဘယ်လိုမကောင်းတဲ့ ဆေးဝါးမျိုးမှ ထပ်မထုတ်တော့ဘူး။"တစ်ယောက်တည်း ခေါင်းတစ်ငြိမ့်ငြိမ့်ဆထာက်ခံရင်း ဘတ်ဟျွန်း နံပါတ်တစ်ခုဆီ စာပို့လိုက်သည်။
*'ကျွန်တော် လက်ခံတယ်´*
အလင်းအရှိန်လို ပြန်ရောက်လာတဲ့ အပြန်စာကြောင့် ဘတ်ဟျွန်းတောင် ခပ်အမ်းအမ်းဖြစ်သွားရသည်။ မသိရင် ဘတ်ဟျွန်းစာကိုပဲ ဖုန်းရှေ့ချပြီး စောင့်နေသလို မြန်ဆန်မှုမျိုး။
YOU ARE READING
Till The Day;...(completed)
Fanfictionကိုယ်စောင့်နေမှာပေါ့ မင်းမျက်ဝန်းက တိမ်စိုင်တွေ ငွေ့ရည်ဖွဲ့ဖို့ မင်းနှလုံးသားက ဒဏ်ရါတွေ နွေးထွေးစေဖို့ မင်းလက်ဖဝါးလေး အေးစက်မနေစေဖို့ သံသရာဆုံးရင်တောင် မင်းက ပြန်လာမယ်ဆိုရင် ကိုယ်ကရပ်စောင့်နေမှာပေါ့... အဲ့ဒီနေ့အထိပေါ့....