41

391 37 4
                                    

Zgy

Till the day;....41

"ကိုကိုချန်း ဘာလုပ်နေတာလဲ..."

"စာတိုက်ပုံးလေး အောက်ခြေမှာ ပိုးစားနေလို့
ကိုကို ပြန်ပြင်နေတာ ဘဲ့ဟာရဲ့..."

"ဘဲ့ဟာ ကူပေးရဉီးမလား ..."

"ပြီးပါပြီဗျာ..."

အပြီးသတ် လဲလှယ်ပြီးသော စာတိုက်ပုံးပြာလေးကို နဂိုနေရာဆီ ပြန်လည်စိုက်ထူရင်း ချန်းယောလ်က အတိတ်နေ့ရက်တွေဆီ ကူးလူးနေတယ်။ ဒီစာတိုက်ပုံးလေးမှာ အမှတ်တရတွေ အများကြီးရှိတယ်။

အိမ်ထဲကို ပြန်ဝင်လာချိန်မှာ မေမေက ဘဲ့ဟာကို ပုံပြင်ပြောပြနေတယ်။ မေမေနေကောင်းတဲ့နေ့မျိုးတွေဆို စာသင်တာမျိုး ပုံပြင်ပြောပြနေတတ်တာမျိုးတွေ ရှိတတ်ပြီး နေမကောင်းတဲ့နေ့မျိုးမှာဆိုရင် မေမေက ချန်းယောလ်ကိုပဲ ရှာနေတတ်တယ်။ ပြီးရင် ထောင့်တစ်နေရာရာမှာ ထိုင်လို့ ငိုင်တွေ ငေးမောနေတတ်တယ်။ အခုနောက်ပိုင်းတော့ ဘဲ့ဟာနဲ့ ချန်းယောလ်ကို မောင်းမထုတ်တတ်တော့ဘူး။ အရင်ကဆိုရင် မေမေက ဘဲ့ဟာနဲ့ ချန်းယောလ်ကို အိမ်ကနေ အတင်းကိုမောင်းထုတ်ပြစ်တာ ဖြစ်တယ်။ အဲ့လိုနေ့မျိုးတွေဆို ချန်းယောလ်က ဘဲ့ဟာလက်ကိုဆွဲလို့ မက်မွန်ပင်ကြီးအောက်မှာ ထိုင်တယ်။ ပြီးရင်တော့ မေမေ လစ်မယ့်အချိန်ကို ချောင်းလို့ အခန်းထဲ ခိုးဝင်ရတယ်။

ပုံပြောနေတဲ့ မြေးဖွားနှစ်ယောက်ကို ထားလို့ ချန်းယောလ်အခန်းထဲ ဝင်ပြီး ဒီလအတွက် ကျန်တဲ့ အလုပ်တွေကို အပြီးသတ်ဖို့ ပြင်ဆင်လိုက်တယ်။ ဒီဇိုင်းတွေအားလုံးကို အကြမ်းပြီးပေမယ့် အချောတော့ အကုန်မသတ်ရသေးတာကြောင့် ချန်းယောလ် အလုပ်များနေတယ်။ ကီးဘုတ်ပေါ် တတောက်တောက် ရေးဆွဲနေတဲ့ လက်တွေက အချိန်ကြာလာတာနဲ့အမျှ ညောင်းကိုက်လာပေမယ့် ဒီတစ်ခုတော့ ဒီညပြီးမှ ဖြစ်မှာမို့ ချန်းယောလ် မနားအားပေ။ အားလုံးပြီးလို့ နာရီကြည့်တော့ ည ၉ နာရီ။ အကြောဆန့်ရင်း ဖိုင်ကိုသိမ်းကာ စတစ်လေးကို အံဆွဲထဲထည့်ဖို့ အံဆွဲကို ဆွဲဖွင့်လိုက်တော့ ပေါ်လာတာ ဟိုနေ့က ရောက်လာတဲ့ စာအိတ်လေး။
နားမလည်နိုင်တဲ့ စာအိတ်လေးကို နောက်တစ်ကြိမ် ပြန်ဖတ်ပြန်ရင်လဲ ဘယ်လိုဖတ်ဖတ် ဒါက ဘားကုပ် ပါပဲ။ ဘားကုပ်နဲ့ ပတ်သတ်တဲ့ စကင်မ်တွေ ရှာဖွေ ဖတ်ကြည့်ပေမယ့်လည်း ဘာသဲလွန်စမှ မရပေ။ ဘယ်က ပို့သလဲ။ ဘယ်သူပို့သလဲ။ မဟုတ်မှ ဘတ်ဟျွန်းများလား။

Till The Day;...(completed)Where stories live. Discover now