20

317 40 6
                                    

Zgy

Till the day;....20

ဘတ်ဟျွန်းက ဘာအလုပ်မှ ရှာမရတဲ့အဆုံးမှာတော့ ဆောက်လုပ်ရေးဆိုက်တစ်ခုမှာပဲ ရရာအလုပ်ဝင်လုပ်ရတော့တယ်။ သူဟာ အုတ်ခဲတွေသယ်ရတယ်။ ကျောက်တွေသယ်ရတယ်။ ဘိလပ်မြေတွေ သယ်ရတယ်။ အမြဲလို ဓာတ်ခွဲခန်းမှာပဲ ကျင်လည်ခဲ့ရတဲ့ ဘတ်ဟျွန်း လက်တွေဟာ ပေါက်ပြဲလာတယ်။ ကျောကုန်းတွေဟာ ညဘက်ဆို ကျောမချနိုင်အောင်ထိ နာကျင်လာတယိ။ ဘဝက နောက်တစ်ကြိမ် ခက်ခဲလာပြန်တယ်။

နေ့စားရတဲ့ ပိုက်ဆံကို ကျစ်နေအောင်ကိုင်လို့ ဘတ်ဟျွန်းက ညနေမစောင်းခင် အိမ်ရောက်အောင် ပြန်ရတယ်။ ဆောက်လုပ်ရေးမှာ  အလုပ်လုပ်ထဲက ဘဲ့ဟာကို ညနေပိုင်းတွေမှာပဲ လမ်းလျှောက်ကျင့်ပေးဖြစ်တော့တယ်။ အိမ်ထဲမှာတော့ ဘဲ့ဟာက အန်တီ့ကျေးဇူးနဲ့တတ်ထားတဲ့ ချည်ထိုးခြင်းအတတ်ကို အသုံးချနေတယ်။ အဖြူရောင်ဆွယ်တာထိုးတာလို့ပြောပေမယ့် ဘဲ့ဟာထိုးလိုက်ဖျက်လိုက်နဲ့ တစ်တောင်စာတောင် မရောက်နိုင်သေးတာ တစ်ပတ်လောက်ရှိပြီထင်တယ်။

ဘတ်ဟျွန်းကိုမြင်တာနဲ့ ချည်လုံးကိုချလိုက်ကာ ဘဲ့ဟာက ဘီးတပ်ခုံလေးကနေ ရေခပ်ပေးလာတယ်။ ဘတ်ဟျွန်း ပင်ပန်းသမျှဟာ စမ်းရေအေးထဲမျှောချလိုက်သလို အေးမြသွားတော့တယ်။ သူမလေးဟာ ဘတ်ဟျွန်းအတွက်တော့ ကျောက်စက်ကျစမ်းရေ ပါပဲ။

"ဘဲ့ဟာရေ လမ်းလျှောက်စို့.."

"ဟုတ်ကိုကို.."

အခေါက်အခါခါ လျှောက်နေတဲ့ ဘဲ့ဟာက ၁လအတွင်း တော်တော်တိုးတက်လာတယ်ပြောရမယ်။ ဒီတေါအတွင်း ဘဲ့ဟာက ကိုယ့်ဟာကို မတ်တပ်ရပ်နိုင်လာပြီ။ မြေပြင်ပေါ်ခြေချရင်း ဘဲ့ဟာ အမြဲတမ်း ကြုံးဝါးတတ်တာ တစ်ခုရှိတယ်။ အဲ့တာက

"စောင့်နေပါ တနေ့ရောက်ရင် ဒီမြက်တွေပေါ် ဘဲ့ဟာ ပတ်ပြေးပြမယ်.."

ဖိနပ်မပါတဲ့ ခြေထောက်ဖွေးဖွေးကို မြက်ခင်းပြင်ပေါ်တင်ရင်း ဘဲ့ဟာက အမြဲထိုသို့ပြောလေ့ရှိတယ်။

******

တစ်နေ့သော ညနေခင်းမှာ ဘတ်ဟျွန်းနဲ့ ဘဲ့ဟာက ပုံမှန်အတိုင်းလမ်းလျှောက်ကျင့်နေကြတယ်။ ဘဲ့ဟာက ဘတ်ဟျွန်းထိန်းစရာမလိုတော့လောက်အောင် ဘေးလက်ကိုင်တန်းတွေကို အားပြုလို့ ကိုယ်တိုင်လျှောက်နိုင်နေပြီ။
ထိုအချိန်မှာ ချန်းယောလ်လီရဲ့ကားဟာ အရှိန်နဲ့ ဘတ်ဟျွန်းတို့ တံခါးဝဆီရပ်တန့်သွားတယ်။ ကားရဲ့အရှိန်ဟာ မြေပြင်က အမှုန်တွေ လွင့်စင်တဲ့အထိ ပြီးတော့ ကျွီခနဲ ဘရိတ်သံ ကျယ်ကျယ်လောင်လောင်ထွက်သည်အထိ...

Till The Day;...(completed)Where stories live. Discover now