3

700 71 10
                                    

Zgy

Till the day;...3

"ဘတ်ဟျွန်းနား  မပြေးနဲ့လေ
ညီမလေးကို စောင့်ဉီးလေ.."

"ဝတုတ်မလေး မြန်မြန်လာ .."

"မေမေရေ ကိုကိုက ဘဲ့ဟာကို ဝတုတ်တဲ့ .."

"သားရေ ညီမလေးကို မစနဲ့
သြော် လဲမယ်လေ မပြေးပါနဲ့ဆို.."

မေမေက စားစရာဘူးတွေ ဖွင့်ရင်းကနေ ဘတ်ဟျွန်းတို့ဆီ လှမ်းအော်ပြောနေသည်။ ဖေဖေကတော့ ဘတ်ဟျွန်းနဲ့ ဘဲ့ဟာလေးအတွက် ရေခဲမုန့်သွားဝယ်ပေးနေတယ်။ ဘတ်ဟျွန်းနဲ့ ဘဲ့ဟာကတော့ ပန်းခြံကြီးတစ်ခုရဲ့ မြက်ခင်းစိမ်းတွေပေါ်မှာ ပြေးလွှားနေကြတယ်။ တိတိကျကျကြီးကို ဘတ်ဟျွန်းတို့တွေ ပျော်နေခဲ့ကြတယ်။

မေမေစုစည်းပေးထားတဲ့ ဘဲ့ဟာခေါင်းပေါ်က ကြက်တောင်စည်းလေးကို ဆွဲလို့ ဘတ်ဟျွန်းကဝက်ပုပ်လေးနဲ့တူတဲ့ ညီမလေးကို စနောက်နေတယ်။ မေမေကတော့ ပြေးနေတဲ့ ကျွန်တော်တို့နှစ်ယောက်ကို လဲမှာစိုးလို့ သတိခဏခဏပေးနေပေမယ့် ဘတ်ဟျွန်းရော ဘဲ့ဟာပါ ကရုမစိုက်ကြပါဘူး။

ဟိုမှာ ဖေဖေက ရေခဲမုန့်ခွက်လေးတွေကိုင်လို့ အပြုံးတွေဖောဖောသီသီနဲ့ လှမ်းလာနေတယ်။ လေပူဖောင်းအဝါရောင်လေးက ဘဲ့ဟာအတွက်ဖြစ်မည်ထင်သည်။ ဘတ်ဟျွန်းက အဲ့လိုကစားစရာတွေ မကြိုက်ဘူး။
ဖေဖေ့ကိုမြင်တာနဲ့ ဘဲ့ဟာက အပြေးလေး ဖေဖေ့ဆီဉီးအောင်သွားချွဲတော့သည်။ ဘဲ့ဟာက ကျွန်တော်တို့အိမ်ရဲ့ ဆည်းလည်းလေး။ သူရှိနေရင် လူတိုင်းကို ရယ်မောစေနိုင်တဲ့ အစွမ်းသတ္တိတွေနဲ့ ကောင်မလေး။ ဘတ်ဟျွန်းရဲ့ အချစ်ဆုံးလေး။

ဘတ်ဟျွန်းမှတ်မိသေးတယ်။ ဘဲ့ဟာလေး မေမေ့ဗိုက်ထဲ ရောက်လာတဲ့အချန်တွေကိုပေါ့။ လရင့်လို့ လှုပ်လာတဲ့ မေမေ့ဗိုက်ကလေးကို ကိုင်လို့ ဘတ်ဟျွန်း မမြင်ဖူးသေးတဲ့ ဒီလူသားလေအတွက် ရင်တွေခုန်နေဖူးတယ်။ ကန်တယ်လို့ မေမေပြောတဲ့ ဘဲ့ဟာလေးရဲ့ ခြေထောက်လေးကို မှန်းဆလို့ မေမေ့ဗိုက်ပေါ် ဘတ်ဟျွန်းပါးတွေအပ်လို့ ခံစားကြည့်ဖူးတယ်။ *မေမေရေ ဘဲ့ဟာလေးက ဘယ်တော့မှ ထွက်လာမှာလဲ* လို့ စောင့်ရစိတ်နဲ့ ဂျီကျဖူးတယ်။

Till The Day;...(completed)Where stories live. Discover now