37

341 37 2
                                    

Zgy

Till the day;....37

U.S ရောက်တည်းက ကားအမည်းကြီးနဲ့ ခေါ်သွားကာ တစ်လမ်းလုံး မျက်စိကိုစည်းထားတာကြောင့် ဘတ်ဟျွန်း အကြားအာရုံကိုသာ အားစိုက်နေရသည်။ စထွက်တည်းက ဉီးတည်ရာကို စိတ်ကမှတ်ရင်း ဘယ်ကွေ့ဘယ်နှမိနစ် ညာကွေ့ ဘယ်လောက် တည့်တည့်ဘယ်နှနာရီ စသဖြင့် စိတ်မှတ်နဲ့တစ်ခုမှ အလွတ်မခံပဲ ဘယ်နားမှာတော့ မီးပွိုင့် ဘယ်နှခု ဘယ်နှကွေ့ပြီးရင်တော့ လတ်ဆတ်တဲ့လေ အရ တံတားကို ဖြတ်တယ်။ စသဖြင့် မှတ်သားထားမိသည်။ ဒါ့အပြင် ခေါ်လာတဲ့ ကားမှာ ဖွင့်ထားတဲ့ သီချင်းတစ်ပုဒ်ပြီးသွားတိုင်း ၄ မိနစ်နဲ့မှတ်ကာ အချိန်ကို ချိန်ဆရင်း ဘတ်ဟျွန်း အိမ်တစ်ခုထဲကို ရောက်သွားချိန်မှာ ကားစီးချိန် စုစုပေါင်း ခန့်မှန်းချေ ၅ နာရီ ၃၂ မိနစ်နီးပါး။

မျက်လုံးစည်းကို ဆွဲဖယ်ခံလိုက်ရချိန် ဘတ်ဟျွန်း မူးနောက်သွားရသည်။ တစ်လျောက်လုံး ပိတ်ခံထားရတဲ့ အမြင်အာရုံက ခပ်စူစူးအလင်းတန်းနဲ့ ရုတ်တရက်ထိတွေ့လိုက်ရတာကြောင့် ဘေးနားက ဆိုဖာခုံတန်းကို လက်ထောက်ရင်း အားပြုလိုက်ရသည်။ အချိန်တစ်ခုထိ မျက်စိကို အနားပေးရင်း အဖွင့်အပိတ်လုပ်ပြီးချိန် သူ့အမြင်ထဲ ပထမဆုံး ဝင်လာတာက ပန်းချီကား တစ်ချပ်။ ဂရိလယ်သမားအမျိုးသမီးတစ်ဉီး တံစဉ်ကိုင်ကာ ကောက်ရိတ်ပြန်လာပုံ ဖြစ်တယ်။ နောက်ခံ တစ်ခုလုံးက ဝင်းဝါနေတဲ့ စပါးခင်းသာရှိသည်။ ဧည့်ခန်းတစ်ခုလုံး ပန်းချီနဲ့တူတာ ထိုတစ်ချပ်သာ။ ပြီးတော့ ရှေ့တည့်တည့်က ဆိုဖာမှာတော့ ဘတ်ဟျွန်း မျှော်လင့်ထားတဲ့အတိုင်းပါပဲ...

"ဉီးလေးကြီး..."

"ထိုင်ပါဉီး ဘတ်ဟျွန်းရှီး.."

"ဖေဖေရော..."

"အရင်ဆုံး ငါ့ကို ဘာလို့ ဒီမှါရှိနေတာလဲ မေးမှာ ထင်နေတာ..."

"ကျွန်တော့်အတွက် ဉီးလေးကြီးက အရေးမပါဘူးလေ..."

"ဟက် ....ဟုတ်ပါပြီ...
အလုပ်ကိစ္စအရင်ပြောရအောင်..."

"ဖေဖေ့ကို အရင်တွေ့ချင်တယ်..."

မေးငေါ့ပြလိုက်မှုနောက်မှာ လင်းလာတဲ့ နံရံတစ်ခု။ ထိုနံရံမှာ ပေါ်လာတဲ့ ပုံရိပ်က နှလုံးစက်အကူအညီတစ်ခုနဲ့ အသက်ရှူနေတဲ့ ဖေဖေ...

Till The Day;...(completed)Where stories live. Discover now