13

395 39 2
                                    

Zgy

Till the day;...13

"ဒီမွါ ခင္မ်..."

ချန်းယာလ်နောက်နားက အသံလေးတစ်ခု။ လှည့်ကြည့်မိတော့ ထိုကောင်လေး။

"ဟိုလေ ကူညီလက်စနဲ့ တစ်ခုလောက်ထပ်ကူညီလို့ရမလား.."

"ဘယ်လို...???"

"ဆန်ပြုတ်ဝယ်ချင်လို့ အဲ့တာ
အကူညီတောင်းပါတယ် ကျေးဇူးပြုပြီး
နော်....
ကူညီမယ်မလားဟင်..."

ဖောဖောသီသီအပြုံးတွေဟာ အေးငြိမ်းရာရပ်ဝန်းမှာ အသက်ဝင်လှုပ်ရှားလာတဲ့အခါ ချန်းယောလ်ဟာ ငြင်းဆန်ခြင်းကင်းစွာ မိုးထဲရေထဲ ဆင်းသက်ရပြန်တယ်။
ဒီတစ်နေ့ထဲ မလုပ်ဖူးတဲ့အလုပ်တွေကြီးလုပ်နေမိတာ အခါခါပင်...

****

တွေ့မိတိုင်း မှုန်ကုပ်နေတတ်တဲ့ လူသားဟာ စိတ်ထားလေးတော့ ကောင်းဟန်တူပါတယ်။ သူ့ရဲ့ ပုံစံလေးအတိုင်း မျက်ခုံးတန်းတွေ ပြေလျော့ခြင်းမရှိပေမယ့် အေးစက်တဲ့ မိုးရေထဲကိုတော့ လှမ်းဝင်သွားခဲ့တယ်။ ဒီလူသားဟာ ဘတ်ဟျွန်းဘဝမှာ ပထမဆုံး အကူအညီတောင်းဖူးတဲ့ လူသား။ ပထမဆုံး ပြုံးပြဖူးတဲ့လူသား။ ပြီးတော့ သူမျက်ရည်တွေကို ငေးကြည့်ဖူးခဲ့တဲ့ ပထမဆုံးလူသား။

ဆေးရုံခန်းလေးထဲမှာတော့ ဘဲ့ဟာလေးက ငြိမ်ငြိမ်လေးထိုင်နေတယ်။ ဆေးစစ်ပေးနေတဲ့ ဆရာဝန်တွေကတော့ ဝင်လိုက်ထွက်လိုက်။

"ဘဲ့ဟာလေး
နေရတာ အဆင်ပြေရဲ့လား
တနေရာရာက နာတာမျိုး ဒါမှမဟုတ်
တခုခု မူမမှန်သလို ခံစားရတာမျိုး.."

"ကိုကို..."

စကားပြောလက်စကနေ ဖြတ်ခေါ်လိုက်တာမို့ ဘတ်ဟျွန်းအနည်းငယ် လန့်သွား ရသည် ။ တနေရာရာကများ အဆင်မပြေလို့လား...
ဒါမှမဟုတ်...

"ဟင်.."

"ကိုကို ငိုနေတယ်.."

အယောင်ယောင်အမှားမှားနဲ့ ပါးပြင်ပေါ်ကို စမ်းမိတော့ အေးစက်စက်အရည်တွေ။ ဟုတ်တာပဲ ။ မျက်ရည်တွေ။ အချိန်များစွာ နှစ်လကြာရှည် ပျောက်ကွယ်သွားဖူးတဲ့ အပိုင်းအစတွေ။

"ပျော်လို့
ပျော်လွန်းလို့ ကိုကိုက..
မျက်ရည်ကျတာ
ငိုတာမဟုတ်ဘူး ကိုကို့ ဝက်ပေါက်လေးရဲ့..."

Till The Day;...(completed)Onde as histórias ganham vida. Descobre agora