5

595 60 4
                                    

Zgy

Till the day;...5

ဘတ်ဟျွန်းရဲ့ နေ့တွေညတွေဟာ ဘဲ့ဟာရဲ့ ဆေးရုံစရိတ်အတွက် ဖြစ်လာတယ်။ ဘတ်ဟျွန်းဟာ တစ်ခါလေးတောင် မညီးဘူး။ ဘာလို့လဲဆိုတော့ ဘဲ့ဟာက ဘတ်ဟျွန်းပင်ပန်းနေတယ်လို့ ထင်မှာမို့လို့ပဲ။ ဖေဖေရဲ့ ကောင်းမှုအကျိုးပေးကြောင့် ဘတ်ဟျွန်းဟာ တရားမဝင်ဆေးဝါးထုတ်လုပ်ရေးမှာ နေရာရလာတယ်။ အဲ့ဒီအချိန်မှာ ဘတ်ဟျွန်းဟာ ၁၅ နှစ်ပဲရှိသေးတယ်။ ဆေးဖော်မြူလာတွေအတွက် ဘတ်ဟျွန်းဉီးဏှောက်ဟာ ကွန်ပြူတာတစ်လုံးလို အလုပ်လုပ်တယ်။ Zinc ကို calcium နဲ့ပေါင်းရင် ဘာရမလဲဆိုတာမျိုး  carbon ကို ပေါင်းခံရင် ဘာဆေးဖြစ်မလဲဆိုတာမျိုးကို ဘတ်ဟျွန်းတစ်ခါတောင် မသင်ဖူးပဲ အလိုလိုသိနေတတ်တယ်။ ဒါပေမယ့် ဘတ်ဟျွန်းက တစ်ခါတောင်မှ ဓာတုဗေဒ ပညာရှင်ဖြစ်ဖို့ စိတ်ကူးမရှိခဲ့ဖူးဘူး။ အဲ့လိုနဲ့ သူ့ရဲ့ အချိန်အများစုဟာ မြို့ပြင်တစ်နေရာရဲ့ ဓာတ်ခွဲခန်းလေးမှာ ပိုများလာတယ်။ ညဘက်တွေဆိုရင်တော့ ဘတ်ဟျွန်းဟာ အိပ်တန်းပြန်တဲ့ငှက်ကလေးတွေလို ဘဲ့ဟာဆီကို ပျံသန်းလာခဲ့တယ်။

အဲ့လိုနဲ့ နေ့တွေညတွေ ကူးလူးနေပြီးတဲ့အခါ ဘဲ့ဟာရဲ့ ပါးဖောင်းဖောင်းလေးတွေက မေးရိုးသွယ်သွယ်လေးအဖြစ် ပြောင်းလဲသွားတယ်။ ဘဲ့ဟာရဲ့ ကြက်တောင်စည်းလေးဟာ ကိုကို့ရဲ့နှာနတ်သီးလေးနေရာမှာ ဆံနွယ်ရှည်တွေ အစားထိုး နေရာယူလာတယ်။ လက်ချောင်းသွယ်သွယ်လေးတွေကတော့ ဝင်းဖန့်ပြီး နေမထိတာကြောင့် လှပစွာ ငြိမ်သက်နေပေမယ့် အပ်ဖောက်ရာတွေကတော့ တစ်ခုပြီးတစ်ခူတိုးလာခဲ့တယ်။

ဘတ်ဟျွန်းကတော့ လူငယ်တစ်ယောက်ရဲ့ ဖွံ့ဖြိုးစအချိန်မှာ ဓာတုပစ္စည်းပေါင်းများစွာနဲ့ ထိတွေ့ ကျင်လည်နေရတဲ့အတွက်ကြောင့်လားမသိဘူး။ သူက ထင်သလောက် ထွားမလာတော့ဘူး။ ဘတ်ဟျွန်းကိုယ်လေးဟာ အလုပ်ရဲ့ဒဏ်နဲ့ ပိန်သွယ်နေတယ်။ အမြဲလက်အိတ်စွပ်ထားတဲ့ လက်သွယ်သွယ်လေးတွေဟာ တစ်ခါတလေ သွေးမလျှောက်တော့လောက်အောင် ဖြူဖျော့နေတတ်တယ်။ ဘတ်ဟျွန်းကိုယ်ပေါ်မှာတော့ အမဲရောင် ဟူဒီဖားဖားကြီးတစ်ထည်ကို တစ်နှစ်ပတ်လုံး လုံးလည်ချာခတ်ပြီး ဝတ်ထားလေ့ရှိတယ်။ ဘတ်ဟျွန်းရဲ့ ဖိနပ်ဉီးထိပ်လေးဟာ အမြဲပြေးလွှားနေမှုရဲ့ ပုံရိပ်တွေကို အရောင်တင်စေဖို့ ၁၂လရာသီလုံး ပေါက်ပြဲနေတတ်တယ်။ ဘတ်ဟျွန်းဟာ ဘဲ့ဟာလေး လဲလျောင်းနေတဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ပတ်ဝန်းကျင်ကို မကြည့်မိလောက်အောင်အထိ ပြေးလွှားကြင်လည်နေတယ်။

Till The Day;...(completed)Where stories live. Discover now