Zgy
Till the day;...25
ကျွန်မတို့မှာ အတိတ်တွေကို ပြန်ကြည့်တိုင်း လွမ်းမောဖွယ် နေ့ရက်ကလေးတွေ ရှိခဲ့ဖူးတယ်။ အမှတ်တမဲ့ဆိုတာမရှိပါဘူး ဒီအတိုင်း အတိတ်ဘဝရဲ့ ရေစက်ကျသံလေးတွေပေါ့။
ကျောင်းပြောင်းကျောင်းသားဟာ ဆိုယောင်းနားမှာ ထိုင်ခွင့်ရတာကနေ သူငယ်ချင်းတွေ ဖြစ်ကြတာအထိ ။ တိုက်ဆိုင်တာလို့ လောကကြီးမှာ မရှိပါဘူး။ ကျောင်းသွားကျောင်းပြန် လိုက်ပို့တတ်တဲ့ သူရယ် စာကလွဲပြီး ကျန်တာအားလုံးစိတ်ဝင်စားတဲ့ ကျွန်မရယ်။ ဒီလိုပါပဲ အတိတ်ဟာ လွမ်းစရာဆိုလဲမှန်တယ်။ ကြည်နူးစရာဆိုလဲ လက်ခံတယ်။
သိပ်ချစ်ပေးခဲ့တဲ့ အမျိုးသားတစ်ယောက်က ပြောင်းလဲသွားနိုင်သလား။ ဘယ်တော့မှ မထားခဲ့ဖူးလို့ ယုံကြည်မိတဲ့အထိ ချစ်ပေးခဲ့တဲ့ လူတစ်ယောက်က ပြောင်းလဲသွားနိုင်ပါသလား။ ကျွန်မကတော့ ခေါင်းမော့လို့ရီမယ်။ သူ့စိတ်မပြောင်းလဲရင်တောင် ဖောက်လွဲဖောက်ပြန်လုပ်ဖူးတဲ့ ကိစ္စက ပြောင်းလဲသွားမှာမှ မဟုတ်တာ။ အနည်းဆုံးတော့ ယုံကြည်စိတ်တွေ ပျက်ပြားအောင် လုပ်ခဲ့တာပဲမလား။
အသည်းနစ်အောင် ချစ်ခဲ့ဖူးတာမို့လို့ လက်မလွှတ်နိုင်သလို အရင်တိုင်းလဲ မဖြစ်နိုင်ပြန်ဘူး။ အဲ့လိုနဲ့ ရုန်းတိုင်းနစ်တဲ့ ဘဝတစ်ခုထဲမှာ ကိုယ်တိုင် နစ်မြုပ်ပစ်လိုက်တာ။ အမုန်းတရားတွေ မယုံကြည်နိုင်မှုတွေကြားထဲ ကိုယ်တိုင်ခုန်ဆင်းပြစ်လိုက်တော့တာ။
ဆိုယောင်းဟာ နူးညံ့တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ဖူးတာ။ လီလီပန်းအဖြူရောင်တွေကို နှစ်သက်ခဲ့ဖူးတာ။ ချစ်ခြင်းမေတ္တာဟာ အလုံးစုံသော လူတွေနဲ့ ထိုက်တန်တယ်လို့ ထင်မှတ်ခဲ့ဖူးတာ။
အရောင်ဖျော့ဖျော့နဲ့ သစ်လွင်တဲ့ ခံစားချက်တွေနဲ့ အမျိုးသမီးလေးက ကံအကောင်းဆုံးလို့ ကိုယ်ကိုကိုယ်ထင်ခဲ့ဖူးတယ်။ ဘာမှတော်တာမရှိလဲ ဆိုယောင်းဟာ အေးချမ်းတယ်။ အဲ့ဒီအချိန်တွေတုန်းက ပန်းလိပ်ပြာလေးတစ်ကောင်လို နုပျိုခဲ့ဖူးတယ်။ သူမဘဝမှာ လောဘတွေ ဒေါသတွေဟာ တိမ်လိုကင်းစင်ခဲ့ဖူးတယ်။ အဲ့ဒီလို အမျိုးသမီးလေးဆီကို အထက်တန်းမှာ ကျောင်းပြောင်းလာတဲ့ ပတ်ဂျီဝန်းဆိုတဲ့ ကောင်လေးတစ်ယောက်ဝင်ရောက်လာတယ်။ စာတော်တဲ့ ကောင်လေးဘေးက စာကိုနည်းနည်းလေးတောင် စိတ်ဝင်စားမှုမရှိတဲ့ ကောင်မလေး။
အဲ့လိုပေါ့...
သူတို့စတင်မှုက ရိုးစင်းခဲ့ပါတယ်။
YOU ARE READING
Till The Day;...(completed)
Fanfictionကိုယ်စောင့်နေမှာပေါ့ မင်းမျက်ဝန်းက တိမ်စိုင်တွေ ငွေ့ရည်ဖွဲ့ဖို့ မင်းနှလုံးသားက ဒဏ်ရါတွေ နွေးထွေးစေဖို့ မင်းလက်ဖဝါးလေး အေးစက်မနေစေဖို့ သံသရာဆုံးရင်တောင် မင်းက ပြန်လာမယ်ဆိုရင် ကိုယ်ကရပ်စောင့်နေမှာပေါ့... အဲ့ဒီနေ့အထိပေါ့....