Zgy
Till the day;...18
"ကိုကို ဘာလုပ်နေတာလဲ..."
ဘဲ့ဟာရဲ့ အံ့သြသံစူးစူးလေးကြောင့် ဘတ်ဟျွန်း ဘယ်ညာရမ်းနေတဲ့ မျက်နှာလေးငြိမ်ကျသွားတယ်။ ပြီးမှ ဆေးတွေတစ်ပြင်လုံးပေကျံကုန်တဲ့ အချေကောင်လေးရဲ့ အင်္ကျီကို တိတိပပညွန်းဆိုလိုက်ပြီး
"သူ့ကို ရတဲ့ နည်းနဲ့ ပြန်သုတ်တာလေ
ကိုကို တော်တယ် မဟုတ်လား..""အော အရမ်း အရမ်းကိုတော်တယ်
ဘယ်လောက်တော်လဲ သိချင်ရင် ကိုကိုချန်းကို ပဲကြည့်..."ဘတ်ဟျွန်း ကြောင်နနနဲ့ပဲ ချန်းယောလ်ဆီကြည့်မိတော့ မတ်တပ်ရပ်လျက်ကြီး ငြိမ်ကျနေတာများ မလှုပ်မလျှက်။
"သူက ဘာဖြစ်တာလဲ ဘဲ့ဟာ.."
"ဟာ ကိုကိုနဲ့တော့..."
"ဟေ့ ဘာဖြစ်သွားတာလဲ အဆင်ပြေရဲ့လား..."
ချန်းယောလ်ရဲ့ ပါးပြင်ဆီ တဖတ်ဖတ်ရိုက်ရင်း မေးတော့မှ အသိကပ်လာတဲ့ သူက
"အပြင်က စာတိုက်လေးမှာ ဆေးအရင်သုတ်ထားပေးမယ်
မင်း ဒီမှါဆက်လုပ်ထားလိုက်..""ဟင်..."
ခပ်သုတ်သုတ်ထွက်ခွါသွားတဲ့ ကျောပြင်ကျယ်ကိုငေးရင် ဘတ်ဟျွန်းတစ်ယောက်သာ ဝေခွဲရခက်စွာ။ သူတစ်ယောက်တည်း မသိတတ်နားမလည်စွာ။
"ကိုကို ဆိုလ်းတက္ကသိုလ်ကို အငယ်ဆုံးဝင်ခွင့်ရတဲ့သူဆိုတာ ဘဲ့ဟာ မယုံနိုင်ဘူး.."
"အံမာ ဘဲ့ဟာနော်.."
ဘဲ့ဟာက မနိုင်ဘူးဆိုတဲ့ပုံနဲ့ ခေါင်းရမ်းကာ သူသုတ်လက်စဆေးတွေကိုပြန်သုတ်နေသည်။ ဘတ်ဟျွန်းလဲမနေသာတော့ပဲ ဆေးပုံးကြီးမလို့ လှေကားထောင်ကာ အိမ်နံရံတွေဆီ ဆက်သုတ်လိုက်ရသည်။ အပြင်ဘက်က စာတိုက်ပုံးလေးကို ဆေးသုတ်ဖို့ဆိုထွက်သွားတဲ့ သကောင့်သားလေးကတော့ ဘယ်စကေးနဲ့သုတ်နေမှန်းမသိပေမယ့် ပြန်လို့ကို ဝင်မလာတော့...
ဘတ်ဟျွန်းတို့ အိမ်တစ်ပတ်လုံး အောက်ခံသုတ်တဲ့ အဖြူရောင်တွေကုန်တဲ့အထိ ဝင်မလာတာကြောင့် ဘတ်ဟျွန်းအပြင်ထွက်ကြည့်တော့ ခြံတိုင်တွေအထိပါ သုတ်နေတာ မပြီးနိုင်။
YOU ARE READING
Till The Day;...(completed)
Fanfictionကိုယ်စောင့်နေမှာပေါ့ မင်းမျက်ဝန်းက တိမ်စိုင်တွေ ငွေ့ရည်ဖွဲ့ဖို့ မင်းနှလုံးသားက ဒဏ်ရါတွေ နွေးထွေးစေဖို့ မင်းလက်ဖဝါးလေး အေးစက်မနေစေဖို့ သံသရာဆုံးရင်တောင် မင်းက ပြန်လာမယ်ဆိုရင် ကိုယ်ကရပ်စောင့်နေမှာပေါ့... အဲ့ဒီနေ့အထိပေါ့....