26

288 29 3
                                    

Zgy

Till the day;..... 26

အတိတ်ကို ပြန်ကြည့်တိုင်း ဘယ်အချိန်အပျော်ဆုံးလဲလို့ မေးရင် နိုရာကတော့ သားရဲ့အသံလေးကို စကြားရတဲ့နေ့လို့ဖြေမယ်။ သူမဘဝမှာ ဘယ်သောအခါမှ ဖြစ်ချင်တိုင်းမဖြစ်ခဲ့ပေမယ့် သားကတော့ သူ့အတွက် အရာရာဖြစ်ခဲ့ပါတယ်။ မတတ်သာလို့ရခဲ့ရတဲ့သားက ဘယ်သူ့အတွက်မှ မဟုတ်ဘူး သူမအတွက်ပဲ။ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘူး သားကိုပဲ ချစ်ပါတယ်။

အနောက်ဘက်ကအိမ်လေးကို သူမစပြောင်းတဲ့အချိန်ကစလို့ သခင်မရဲ့ နူးညံ့တဲ့ ပုံရိပ်သွင်တွေပြောင်းလဲသွားတယ်။ လီလီပန်းအဖြူရောင်လေးတွေ အစား နှင်းဆီနီနီတွေ အစားဝင်လာတယ်။ သခင်မက ပန်းကြိုက်တတ်မြဲပါပဲ။ ပန်းကြိုက်တဲ့သူတွေရဲ့ နှလုံးသားက သိပ်ကိုနုနယ်သတဲ့ ။ သူမ သုတေသန စာစုတစ်ခုမှာ ဖတ်ဖူးတယ်။ သခင်မက ဘယ်လိုပဲပြောင်းလဲ သွားပါစေ သူမအတွက်တော့ နွေးထွေးမှုပေးခဲ့တဲ့ လုံခြုံစေခဲ့တဲ့ သခင်မအဖြစ်ရှိနေဆဲပါပဲ။ နိုရာက သခင်မကို ချစ်ခင်လေးစားမြဲပါပဲ။

အချိန်တွေ တိုက်စားပြီးတဲ့နောက်မှာ နိုရာကတော့ ထင်းရှူးတန်းလေးဆီမှာ ပန်းပင်သေးသေးလေးတွေ စိုက်တယ်။ တကယ်ဆို ပန်းစိုက်တတ်လာတာလဲ သခင်မကျေးဇူးတွေကြောင့်ပဲ။ အဲ့ဒီလို ဘဝတစ်ခုနဲ့ သူက သွေးရည်ကြည်လေးအဖြစ်ပဲ ရှိနေသေးမယ့် သားကို စကားတွေပြောတယ်။ သားဖြစ်တည်လာတဲ့ အချိန်ကစလို့ သူမဘဝမှာ အထီးကျန်တယ်ဆိုတာမျိုးတွေ ကုန်ဆုံးသွားတယ်။ တစ်ယောက်တည်းဆိုတဲ့ ခံစားချက်တွေ မရှိတော့ဘူး။ အဲ့လိုပုံမျိုးနဲ့ သားက သူမဆီကို ဝင်ရောက်ခဲ့တယ်။

ပထမဆုံးအကြိမ် သားဆီကလှုပ်ရှားမှုကို ခံစားမိတဲ့အချိန်သည် သားကိုလွယ်ထားတာ ၇ လရှိပြီဖြစ်တဲ့အချိန်မှာ ဖြစ်သည်။ မှတ်မှတ်ရရ အဲ့ဒီနေ့က သခင်ကြီးသူ့ဆီရောက်လာပြီး တောင်းပန်တာကို သခင်မသိသွားပြီး ရောက်လာခဲ့တဲ့နေ့ ဖြစ်သည်။ သခင်မရောက်လာချိန်တွင် နိုရာက သစ်ကပ်ပန်းပင်ကလေးများကို အိုးခွဲပြီး စိုက်နေတဲ့အချိန်ဖြစ်သည်။ တကယ်ဆို သခင်မက နိုရာနေတဲ့ အနောက်ဘက်အိမ်ကို ဘယ်သောအခါမျှ လာလေ့မရှိခဲ့ပေ။

Till The Day;...(completed)Where stories live. Discover now