32

290 36 2
                                    

Zgy

Till the day;...32

ချန်းယောလ်က ဆေးလိပ်တစ်ခုကို လက်ကြားညှပ်ကာ အိမ်ဝဆီကနေ ထွက်လာတဲ့အချိန်က မနက်ခင်း ၅ နာရီလောက်။ တံစက်မြိတ်မိုးအလွတ်မှာ ရပ်ကာ ချန်းယောလ်က သက်ပြင်းမောတစ်ချို့ကို ဆေးလိပ်ငွေ့တွေနဲ့အတူ မှုတ်ထုတ်လိုက်တယ်။ မနက်ခင်းစောစောမို့ မြောက်ပြန်လေက သိမ့်သိမ့်လေးတိုက်ခတ်လာတယ်။ ဘတ်ဟျွန်းထိုင်နေတဲ့ မက်မွန်ပင်ရင်းကနေ ချန်းယောလ်ရဲ့ လှုပ်ရှားပုံအဆင့်ဆင့်ကို အသေးစိတ်ကအစ မြင်နေရတယ်။ လေနဲ့အတူ သင်းသင်းလေးမွှေးပျံ့လာတာက နွေဉီးရဲ့ သင်္ကေတဖြစ်တဲ့ မက်မွန်ရနံ့ထုံသင်းသင်းလေး။ လေအေးအေးလေးရယ် မက်မွန်နံ့သင်းသင်းလေးရယ်။ ပြီးတော့ စိတ်ကူးကနေ ခံစားသိရှိနေတဲ့ စီးကရက်နံ့တစ်ခုရယ်။

ချန်းယောလ်က တံစက်မြိတ်နေရာလေးမှာ ခြေဆင်းထိုင်လိုက်ရင်း စီးကရက်ကိုပဲ အလုပ်တစ်ခုလို ရှူရှိုက်နေတယ်။ ဟိုအဝေးဆီက ကြက်တွန်သံလို အသံသဲ့သဲ့လေးကြားရတယ်။ ကုန်သွားတဲ့စီးကရက် လက်ညိုးထိပ်နဲ့ ဖိသတ်လိုက်ပြီးမှ ရှေ့တူရူစီလှမ်းပစ်မလို့လုပ်နေတဲ့ ချန်းယောလ်ရဲ့လက်တွေ လေထဲမှာရပ်တန့်သွားတယ်။ သေချာတာက သူဘတ်ဟျွန်းကို မြင်သွားတာ။ ပြီးတော့မှ ခုနက ပစ်လက်စကို တန်းတန်းမတ်မတ်ပြန်ပစ်ထုတ်ပြီး ဘတ်ဟျွန်းထိုင်နေတဲ့ နေရာကို ခြေလှမ်းကျဲတွေနဲ့ လျောက်ဝင်လာတယ်။ ခြေလှမ်းကျဲတွေဆိုတာက တမင်တကာကြီး ခြေလှမ်းကျဲကြီးနဲ့ လျှောက်လာတာတော့ မဟုတ်ပါဘူး။ နဂိုတည်းက ခြေတံရှည်တာမို့ ထိုင်ရာကကြည့်နေတဲ့  ဘတ်ဟျွန်းအတွက် အဲ့လိုမြင်ရတာလဲ ဖြစ်နိုင်ပါတယ်။

"ဘာလုပ်နေတာလဲ..."

"ဒီအတိုင်းပဲ ...
နည်းနည်း စဉ်းစားလေးတွေရှိလို့..."

"ဘဲ့ဟာရော..."

"အိပ်နေတုန်းပဲ...
မေမေရော အဆင်ပြေရဲ့လား..."

"အင်း အဲ့လို ဆုတောင်းရတာပဲ..."

"မင်းရော...
အဆင်ပြေရဲ့လား..."

"အင်း ဒီအတိုင်း
နေသားကျနေပါပြီ..."

ချန်းယောလ်က အဓိပ္ပါယ်မယ့် မျက်ဆန်ညိုတွေနဲ့ ဖြေတယ်။ သေချာပေါက် မွန်းကြပ်နေတဲ့ အသံနဲ့။ သေချာပေါက် အဆင်မပြေဘူးလို့ ပြောနေတာ။ အဲ့တာက ချန်းယောလ်ရဲ့ အဆင်မပြေကြောင်း ပြောတဲ့ နည်းပဲနေမှာပါ။ မှီခိုစရာမရှိခဲ့ သူတို့လို လူတွေအတွက် အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းက ပိုပြီး အဆင်မပြေနိုင်တာ သူအသိပဲ မဟုတ်လား။

Till The Day;...(completed)Where stories live. Discover now