15

309 40 0
                                    

Zgy

Till the day;... 15

နှုတ်ခမ်းနီရဲရဲကို စိုတောက်နေအောင်ဆေးခြယ်ထားတဲ့ အမျိုးသမီးဟာ နှင်းဆီပွင့်ရဲ့ ရိုးတံတွေကို ကပ်ကြေးနဲ့ တတောက်တောက် ကိုက်ဖြတ်နေတယ်။ နီဆွေးနေတဲ့ ပန်းခင်းဟာ နှင်းရည်တို့နဲ့ ပနံသင့်လွန်းနေပေမယ့် အခြေအနေကတော့ ပုံမှန်ထက် အေးစက်ခက်ထန်နေတယ်။

လှလွန်းတဲ့ ပန်းပွင့်နီနီတစ်ခုကို ကိုင်လို့ ဘတ်ဟျွန်းဘက် လှည့်ကြည့်လာတဲ့အခါ ဘတ်ဟျွန်းဟာ ကိုယ့်စိတ်ကို ပြင်ဆင်လိုက်တယ်။

"ပန်းတွေခူးရင် သစ်ရွက်တွေခြွေပစ်ရတာ ဘာလို့လဲ သိလား.."

တစ်ကိုယ်တည်းရေရွတ်သလို ပြောတာကြောင့် ဘတ်ဟျွန်း တုန့်ပြန်စကားမဆိုမိ.
ဆူးအပြည့်နဲ့ ရိုးတံကို လှလှပပလေးစိုက်ကြည့်ကာ သူမက အဓိပ္ပါယ်အပြည့်ပါတဲ့ မျက်ဝန်းတွေနဲ့ ခုနက စကားကိုပြန်ဆက်တယ်။

" အသုံးမဝင်လို့လေ...
....ဟက် ....
မလိုတဲ့ အရွက်တွေကြောင့် ပန်းအိုးထဲကို ထိုးလိုက်ရင်လဲ ရှုပ်သွားပြီး အလှပျက်တယ်
ပန်မယ်ဆိုရင်လဲ အရွက်တွေက ရှုပ်တယ်မလား..
အဲ့ဒါကြောင့် ခြွေပစ်လိုက်မှ လှပသွားတာ..

ဒါနဲ့လေ ဘတ်ဟျွန်း..
အဲ့တာသိလား လူတွေလဲ အဲ့ဒီအတိုင်းပဲ"

ဘတ်ဟျွန်းဘက်ရောက်လာတဲ့ စကားအသွားအလာအရ ဒီအမျိုးသမီးပြောလာမယ့် အကြောင်းအရာတွေကို ဘတ်ဟျွန်းကြိုသိနေပြီ။ ဒါပေမယ့် စကားပြောရာကနေ ဖြတ်ပြောလို့ မကောင်းဘူးမလား။ ဒါဟာ မယဉ်ကျေးရာ ရောက်တယ်လေ။ ဘတ်ဟျွန်းဟာ ထပ်ပြောလာမယ့် စကားလုံးပြင်းပြင်းတွေကို ဒီအတိုင်းလက်ခံနားထောင်လိုက်ဖို့သာ စိတ်ကူးလိုက်သည်။

"အသုံးမလိုတဲ့ ဘာမဟုတ်တဲ့ ကိစ္စတွေကြောင့် စာတမ်းတွေတောင် ပစ်ထားခဲ့တာတော့ သိပ်ပြီး နမော်နမဲ့ နိုင်တယ်မထင်ဘူးလား...
ငါက ဘတ်ဟျွန်းက အဲ့လိုလူစားမျိုးလို့ မထင်ထားခဲ့တာကို...

တကယ်တော့ မီးလောင်တယ်ဆိုတာ အကြောင်းပြချက်တစ်ခုပဲလေ ..
မီးလောင်ရုံမကလို့ ကမ္ဘာပဲပြိုပြို
ဘတ်ဟျွန်းသာ ကိုယ့်အလုပ်ကို ကရုတစိုက် လေးစားမယ်ဆိုရင် အနည်းဆုံး အရေးကြီးတဲ့အရာတွေကိုတော့ လုံခြုံအောင်ထားရမှာ မဟုတ်လား..

Till The Day;...(completed)Where stories live. Discover now