1🌱

8.2K 340 23
                                    

(Unicode version 🌱)

လိုနေချိန်တိုင်း🍃

ကျနော်တို့ရွာ'လေးပင်ကြီး'ရွာဟာနဲနဲခေါင်ပါးတယ်မီးဆိုလည်းအချိန်နဲ့ပဲရတာမျိုးကျောင်းဆရာ/မတွေ,ဆရာဝန်တွေ,သူနာပြုတွေဆိုတော်တော်ကြာမှရောက်လာလေ့ရှိတယ်တနေ့တော့ရွာကိုဆရာဝန်လေးတယောက်ရောက်လာတယ်

"သူကြီးရေ...ဗျို့သူကြီး..."

"အေး...လာကြလေလာကြ"

"ဆရာလေးလည်းပါတယ်ဗျို့"

"‌ထိုင်ကြထိုင်ကြ...လာအကြမ်းရည်လေးသောက်ပီးအမောဖြေကြအုံး"

အမောပြေလောက်ပီဆိုမှသူကြီးက

"ဒီတော့..ဒီကဆရာလေးကဒီလို‌ရွာခေါင်တဲ့ဘက်ကိုရွေးလိုက်တာပေါ့ဟုတ်စ"

"ဟုတ်တယ်အဘ.အယ်သူကြီးကျနော်နာမည်
'မင်းမဟာ'ပါ...ကျနော်ဒီဖက်ကိုသပ်သပ်ရွေးလိုက်တာပါကျနော်ကိုအမြင်မတော်တာရှိရင်ဆုံးမပေးကြပါအုံးလို့ပြောချင်ပါတယ်"

"ကဲကဲ...ဟုတ်ပီဆရာလေးနားဖို့ကတော့ကျုပ်ခြံတခုရှိတယ်အဲ့မှာပဲနေပေါ့နော့်...လွှတ်လွှတ်လပ်လပ်နေရတာပေါ့လေ"

"ဟုတ်ကဲ့ကျေးဇူးပါ...အခုကျနော်နားလို့ရမလားဗျ"

"ရပါ့ဗျာရပါတယ်နေအုံးလိုက်ပို့ဖို့လူက....ဟော်ဟိုမှာ...သွင်သွင်ရေ..လာပါအုံးကွာ"

လှည့်ကြည့်တော့သွင်သွင်ဆိုသူတယောက်အရမ်းမပုပေမဲ့ကိုယ့်ထက်တော့ပုလေရဲ့ကိုယ့်အမြင်မှာသူကပုပုလုံးလုံးလေးနဲ့ကလေးတယောက်လိုချစ်ဖို့ကောင်းးလေရဲ့ အင်းးးသူကိုကိုယ်ညီလိုတာမှတ်လိုက်လေရဲ့

"သူကြီးသားကိုခေါ်တာဘာလို့...အော်ဧည့်သည်ရောက်နေတာပဲ"

"အေးကွာဒီကဆရာလေးကိုငါ့ဟိုခြံကအိမ်ခေါ်သွားပေးပါကွယ်"

"အော်...ဟုတ်ကဲ့"

ဒီလိုနဲ့အထုတ်တွေဝိုင်းသယ်ပေးရင်လမ်း၌

"မင်းအသက်ဘယ်လောက်လဲ..?"

"အာ..သားအသက်က19..!"

"အော်ငယ်တာပဲ...!ကိုယ်ကမင်းထက်7နှစ်ကြီးတယ်"

"ဟုတ်ဆရာလေးအကို..အကိုနာမည်က..?"

"ကိုယ့်နာမည်က'မင်းမဟာ'မင်းနာမည်ကရော"

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now