7🌱

1.2K 79 8
                                    

(Unicode version 🌱)

လိုနေချိန်တိုင်းမှာ…

******

အချိန်တွေဟာသူ့အလိုလိုရွေ့လျားနေတာပါလေ…ထိုအချိန်ကိုခနလောက်ရပ်ထားပေးဖို့တောင်းဆိုလို့လည်းမပါလေ…

အခုဆိုရင်အချိန်အားဖြစ်တော်တော်ကြာနေလေပြီဖြစ်တာကြောင့် အသစ်ရောက်ရှိလာတဲ့ဆရာဝန်လေး ဟိန်းရန်နဲ့ အကူဆရာလေး ဖိုးသားတို့ဟာလည်း ရွာသူ/သား တို့နဲ့အတော်ပင်ရင်းနှီးနေကြပါပြီလေ သူတို့ရက်ဖြစ်တည်မှုအားလက်ခံပေးကြသည်

မင်းမဟာရယ် ဟိန်းရန်ရယ် ဖိုးသားရယ် ဆေးပေးခန်း၌သူ့အလုပ်သူလုပ်နေကြစဉ်

"အကိုရေ…ကိုကြီးဟိန်းရန် ကိုကြီးဖိုးသား"

‌အသံကုန်အော်ကာ ဆေးပေးဆောင်ထဲသို့အဟည်းအသန် ပြေးလာလေသည် ဆေးပေးခန်းထဲသို့ရောက်သော

အပြေးဝင်လာသောသွင်သွင်မှာအရှိန်မထိန်းနိုင်ဘဲပြေးလာသည်ကို မင်းမဟာကအရှေ့၌ဝင်ထိန်းပေးလိုက်သည်

ထို့နောက် ဖိုးသားကမေးလိုက်သည်

"ဘယ်လိုဖြစ်လာတာလဲ…လမ်းမှာတစ်ခုခုဖြစ်နေပါ့မယ်ဖြေးဖြေးလာပါလား သွင်သွင်ရယ်"

ဖိုသားကမေးရင် လက်ထဲကရေသန့်ဖူးလေးအားပေးလိုက်သည် ပြီးနောက်ရေသန့်ဖူးအား မျက်လုံးနှင့်ထိုးပြသည် သဘောကရေအရင်သောက်ဆိုပြီး သွင်သွင်လည်း ရေကို ကတုန်ကယင် ဖြင့်ယူသောက်လိုက်သည်ရေကိုအမြန်သောက်ကပြန်ပေးလိုက်ပြီး မင်းမဟာလက်အားဆွဲကာ

"အိမ်မှာ အိမ်မှာလေ…! လေးလေးကရင်ဘက်အောင့်လိုတဲ့အော်ငိုနေတယ် လုပ်ပါအုံး လေးလေးကိုကယ်ပေးပါ အကို နော်"

မင်းမဟာအား လက်ကိုအတင်းဆွဲကာ သူ့ဦးလေးဖြစ်သူစီသွားဖို့ပင် အသည်းအသန်ဖြစ်နေတော့သည်

"ဟုတ်ပြီ… ကိုယ်ကုပေးပါ့မယ် အရင်ဆုံးသွင်သွင် စိတ်အရင်လျော့ထားနော် "

သွင်သွင် အား လက်နှစ်ဖက်ဖြင့်ပုခုံးအားထိန်းချုပ်ကိုင်လိုက်ပြီး မင်းမဟာပြောလိုက်တော့

"ဘယ်လိုလုပ် စိတ်အေးရမလည်းဗျာ လေးလေးကိုအရင်ကြည့်ပေးပါဆို အကို လာပါ"

လိုနေချိန်တိုင်းမှာ(Complete )Where stories live. Discover now